တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။
အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၄ နှင့် တိုင်း(သို့)ပြည်နယ်အ စိုးရအဖွဲ့ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဃ)တို့အရ ဒေါ်အေး အေးသန်းအား တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမိန့်အမှတ် ၅၉ / ၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဃ)၊ ပြည် ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့) ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ(ဃ)တို့အရ ဒေါ်ထွေးထွေး အား တနင်္သာရီတိုင်းတရားလွှတ် တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
