Wednesday, December 17, 2025

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က...

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း...

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်...

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆)...

ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်...
HomeNewsLocal Newsတတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား...

တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ၏ နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီနှင့် ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ သုတေသနဌာန (Institute of Myanmar Studies) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ” ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်တို့တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့ကြသည်။

“ပြိုင်ပွဲကိုစီစဉ်ကျင်းပသူများအပြင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ့ယဉ်ကျေးမှုသည် ထူးခြားသောအနှစ်သာရနှင့် အမျိုးသားရေးလက္ခဏာများ ပေါင်းစပ်ပါဝင်နေကြောင်း၊ ဤပြိုင်ပွဲသည် မြန်မာစာပေကို လေ့လာနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာနားလည်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ၎င်းပြင် ယဉ်ကျေးမှုချင်း အပြန်အလှန် လေ့လာဖလှယ်ခြင်းသည် ပြည်သူလူထုချင်းဆက်သွယ်မှုကို တိုးမြှင့်ရာတွင် အရေးပါကြောင်းနှင့် ဤပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေတို့ကို ထိတွေ့ခွင့်ရရှိစေမည့် ရောင်စုံပလက်ဖောင်းတစ်ခုကို ဖန်တီးပေးလိမ့်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း” ဦးသွင်ထက်လင်းကပြောကြားခဲ့သည်။

CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်က “ဤပြိုင်ပွဲသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားကာ ရိုးသားပြီး ဘက်လိုက်မှုကင်းသောအမြင်များကို ရှုမြင်နိုင်ရန် အရေးပါသည့် တန်ဖိုးကို ပေးစွမ်းကြောင်း၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာများသည် ကုမ္ပဏီ၏ ပိုက်လိုင်းစီမံကိန်းကဲ့သို့ပင် တရုတ် – မြန်မာ ဆက်သွယ်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဘာသာစကား နှစ်မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်သည့် လူငယ်များသည် နှစ်နိုင်ငံအပြန်အလှန်နားလည်မှုအတွက် မျှော်လင့်ချက်ဖြစ်သည်ဟု မှတ်ယူကြောင်း၊ ဤပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လူငယ်များအနေဖြင့် ရိုးသားမှန်ကန်သော ဖော်ပြချက်များဖြင့် တရုတ်နှင့် မြန်မာလူငယ်များအား တစ်ဦးနှင့်တစ်ဦးစစ်မှန်ပြီး စိတ်ဝင်စားစရာကောင်းသည့် ပုံရိပ်များမြင်တွေ့ရန် မျှော်လင့်ပါကြောင်း” ပြောကြားခဲ့သည်။

တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲကို “၇၅ နှစ်မြောက် မေတ္တာ၊ မဟာမိတ်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ လူငယ်ချင်းပေါင်းစပ်ကာ ခေတ်သစ်ကိုဖန်တီးကြ” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယူနန်တိုင်းရင်းသားတက္ကသိုလ် (Yunnan Minzu University)၊ ယူနန်တက္ကသိုလ်၊ ကွမ်တုန်းနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးတက္ကသိုလ် (Guangdong University of Foreign Studies)၊ အမျိုးသားကာကွယ်ရေး နည်းပညာတက္ကသိုလ် (National University of Defense Technology)၊ ကွမ်ရှီတိုင်းရင်းသားတက္ကသိုလ် (Guangxi Minzu University) အပါအဝင် တက္ကသိုလ် ၂၃ ခုမှ ကျောင်းသား၊ ကျောင်းသူများသည် စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးတွင် စုစုပေါင်း လက်ရာ ၁၂၅ ခုသည် ကျွမ်းကျင်သူ အကဲဖြတ်အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ယင်းတို့၏ အကြောင်းအရာများတွင် ပြည်ပပညာသင်ဘဝ Vlogs များ၊ သီချင်းနှင့် အကများ၊ ရိုးရာယဉ်ကျေးမှု မိတ်ဆက်ပေးမှုများ အစရှိသည့် နယ်ပယ်များစွာပါဝင်ခဲ့သည်။ ပြည်တွင်းရှိ ကွဲပြားသော တက္ကသိုလ် ၁၉ ခုမှ မြန်မာဘာသာစကား ကျွမ်းကျင်ဆရာ၊ ဆရာမများနှင့် စီစဉ်သူဘက်မှ ကျွမ်းကျင်သူ ၇ ဦး၊ မြန်မာဘက်မှ ကျွမ်းကျင်သူ ၇ ဦးတို့ ပါဝင်သော စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ပညာရှင်အကဲဖြတ်အဖွဲ့က လက်ရာအားလုံးကို အမှတ်ပေးခဲ့ကာ ပြိုင်ပွဲစည်းကမ်းများအတိုင်း ပထမဆု (၄) ဆု၊ ဒုတိယဆု (၁၀) ဆု၊ တတိယဆု (၁၅) ဆုနှင့် ထူးချွန်ဆု (၃၀) ဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က ယနေ့တွင် အစုရှယ်ယာများ စတင်ရောင်းချ

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company Limited) အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၏ စျေးကွက်ပေါ်တွင် အစုရှယ်ယာများစတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ဂျီဘီအက် (စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ASPGB) ၏ မှတ်ပုံတင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက်နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အခြေခံစျေးနှုန်းအနေဖြင့် ကျပ် ၁၀,၀၀၀ ဖြစ်ပြီး...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071