၂၀၂၃ ခုနှစ်အောက်တိုဘာလကနေ ၂၀၂၅ ဇွန်လ အထိ (တစ်နှစ်ရှစ်လ) ကာလအတွင်း မှတ်ပုံတင်အစောင်ရေ (၂၁,၀၈၈) စောင်ရှိပြီးဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနကနေ သိရသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းလျှောက်လွှာများနှင့်သက်တမ်းတိုး လျှောက်လွှာများအားလည်း ပထမအဆင့် စာရွက်စာတမ်းအချက်အလက်များစစ်ဆေးခြင်းနှင့် ဒုတိယအဆင့်စားသုံးသူရေးရာဦးစီးဌာနက မြေပြင်ကွင်းဆင်စစ်ဆေးပြီး အွန်လိုင်း SALES မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်ခြင်းဆောင်ရွက်လိုသူများအနေဖြင့် http://www.ecomreg.gov.mm/ သို့ဝင်ရောက်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်လက်မှတ် သက်တမ်းသည်(၂)နှစ်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။
မှတ်ပုံတင်လျောက်ထားနိုင်ရန် ကုမ္ပဏီ (သို့မဟုတ်) SMEစီးပွားရေးအဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ နှစ်မျိုးခွဲပြီး လျှောက်ထားရမှာလည်း ဖြစ်သည်။
ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသည့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခဲ့ခြင်းဖြစ်ပြီး စားသုံးသူများ နစ်နာမှုမရှိစေရန် အွန်လိုင်းစနစ်ရောင်းဝယ်မှုအားလုံးကို စနစ်တကျ ဖြစ်စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၃ အောက်တိုဘာ ၂ ရက်နေ့မှ စတင်ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်း မှတ်ပုံတင်လက်မှတ်ခွင့်ပြုထုတ်ပေးခြင်းလက်မှတ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
