Friday, September 18, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...
HomeNewsLocal Newsတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ်...

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ် စာမေးပွဲကျင်းပမည်

ဒွါဒသမအကြိမ်မြောက် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ် စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဆိုင်ရာ ဒွါဒသမအကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမည်ဖြ စ်ပြီး အရည်အချင်း သတ်မှတ်ချက်အားဖြင့် မူလတန်း၊ အလယ်တန်းဟူ၍ သတ်မှတ်ထုတ်ပြန်ထားသည်။

ယင်းတွင် မူလတန်းနှင့် အလယ်တန်း အရည်အချင်းစစ် စာမေးပွဲကို ဧပြီ (၁၀)ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများသည်အသက်အားဖြင့် အသက် (၁၂) နှစ် (၆) လအောက်၊ အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူများဖြစ်ပါက အသ က် (၁၂) နှစ် (၆) လအထက်မှ အသက် (၁၅) နှစ် (၆) လအတွင်း ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဖေဖော်ဝါရီလ (၁၇) ရက်မှစတင်၍ အရည်အချင်းစစ်စာမေးပွဲ ဝင်ခွင့်တောင်းခံလွှာများကို သက်ဆိုင်ရာ စာဖြေဌာနများမှထုတ်ယူနိုင်ကြောင်း သိရသည်။

မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အရည်အချင်းစစ် (ရေးဖြေ) စာမေးပွဲကို ၂၀၂၅ခုနှစ် ဧပြီ (၁၀) ရက် နံနက် (၉) နာရီမှ နံနက် (၁၀)နာရီခွဲအထိ တစ်နိုင်ငံလုံးရှိ စာဖြေဌာနအားလုံး တပြိုင်နက် ဖြေဆိုမည်ဖြစ်သည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲသည် ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် (၆)တွဲ (၈)အုပ်ကိုပြဋ္ဌာန်းမူအဖြစ်ထားရှိကာ အဘိဓမ္မာ၊ ယဉ်ကျေးမှု၊ ဧတဒဂ်၊ ဇာတ်တော်၊ အထွေ ထွေ အစရှိသည့် ခေါင်းစဉ်အမျိုးအစား ခုနှစ်မျိုးမှ မေးခွန်းပေါင်း နှစ်ထောင်ကျော်ကို လေ့လာကျက်မှတ်ပြီး ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး စာစစ်ဌာနအလိုက် အောင်စာရင်းများကို ဗဟိုအတည်ပြုစနစ်ဖြင့် ထုတ်ပြန်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးကိုယ်စားပြုဆင့် ဂုဏ်ထူး၊ ရိုးရိုး၊ ဗဟိုဆင့် ဗုဒ္ဓဝံသဝိသာရဒ (၂၆) ဦး၊ နော က်ဆုံးဆင့် ပထမဆုရှင်နှင့် ဗုဒ္ဓဝံသဗဟုသုတဓရ တစ်ဦးတို့အား ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြော င်း သိရသည်။

ဧကာဒသမအကြိမ်
ဗုဒ္ဓဝံသဝိသာရဒ ဘွဲ့ရရှိကြသည့်အလယ်တန်းဆင့် ကျောင်းသား/သူများအားတွေ့ရစဥ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးစကားဝိုင်းများကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မီဒီယာများ၏အခန်းကဏ္ဍအရေးပါပုံ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးအပ်နိုင်ရေး၊ နိုင်ငံရေးပါတီများပါဝင်မှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များသတ်မှတ်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာနိုင်ရေး၊ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင် ဆင်ဆောင်ရွက်နိုင်သည့်အချက်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့ အမေရိကန်ကြိုးပမ်းနေ

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ​တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့်...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့ အိမ်ဖြူတော် စဉ်းစားနေ

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ချဉ်းကပ်မှု အသစ်တစ်ရပ်အနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန် အရာရှိတစ်ဦးကတော့ ဒီလို သဘောတူညီချက်တွေ လုပ်တာဟာ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ ဝါရှင်တန်ဘက်က တကယ်ကို လေးလေးနက်နက် ရည်ရွယ်ထားတယ်ဆိုတာကို ပြသနိုင်တယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071