Thursday, June 18, 2026

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်...

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး...

ကုန်သွယ်ရေးနှင့် အိန္ဒိယသင်္ဘောသားများ လုံခြုံရေးကိစ္စ ထရမ့်ပ်-မိုဒီ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသင်္ဘောသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း...
HomeNewsLocal Newsတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အား ၁၅၀၀...

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အား ၁၅၀၀ မဂ္ဂါဝပ်ခန့်သာဖြန့်ဖြူးပေးနိုင်ဟုဆို

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အား ၁၅၀၀မဂ္ဂါဝပ် ခန့်သာဖြန့်ဖြူးပေးနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

ယခင်က တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အား ၃၀၀၀မဂ္ဂါဝပ် ခန့်ဖြန့်ဖြူးပေးနေရာမှ လက်ရှိတွင် ရာသီဥတုပူပြင်းလာသည့်အတွက် ရေအားလျှပ်စစ်မှ ရေများခန်းခြောက်ခြင်းနှင့် သဘာဝဓာတ်ငွေ့စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ပြုပြင်နေမှုများရှိနေသည့်အတွက် ယခင်ထက် ထက်ဝက်လောက်သာ လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်တော့ကြောင်း သိရသည်။

“ ဘာကြောင့် မီးခဏခဏပျက်နေလဲဆိုရင် လောပိတကနေလည်း ဓာတ်အားမပို့လွှတ်နိုင်ဘူး။ ပြီးတော့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်နေတာတွေကြောင့်လည်းပါတယ်။ အရင်ပေးနေတာထက် ထက်ဝက်လောက်ကို ကျွန်တော်တို့က ချိန်ညှိပြီးပေးနေရတာ။ရေအားလျှပ်စစ်တွေကလည်း ရေတွေက လော့ကျလာပြီ။ နွေရာသီပူပြင်းတာက တစ်ကြောင်းပေါ့။ ၂၀၂၅ ကျမှ စီမံကိန်းတွေထဲမှ လျှပ်စစ်မီးပြည်ပြည့်ဝဝဖြစ်လာမယ်လို့ မျှော်မှန်းထားတယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေပြီး ရန်ကုန်မြို့တွင် အုပ်စု A နှင့် B ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အလှည့်ကျ ဝန်အားလျှော့၍ လျှပ်စစ်မီးပေးနေပြီး ညနေ ၅ နာရီမှ နောက်တစ်နေ့ နံနက် ၉ နာရီအထိ ဓာတ်အားအပြည့် ပေးထားကြောင်း၊ စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးထားကြောင်း သိရသည်။

ယင်းအပြင် ဦးစားပေးအဆင့် အုပ်စု A တွင် မြို့နယ် ၁၆ မြို့နယ်ကို ကြေညာထားပြီး ရန်ကင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တို့ ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုကထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်းဦးတည်သွားနေခြင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ မျိုးသားရေးဂုဏ်သိက္ခာတို့ကိုကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံကကြိုဆိုပြီး နိုင်ငံအတွင်းရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှကြိုး ပမ်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်အရ သိရသည်။ ထို့ပြင်...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ကလေးဝမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းလွင်၏ မေးခွန်းအား ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်အရ ကလေးဝမြို့နယ်သို့ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းသည်...

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းများပိတ်ထားရန်နှင့် လုပ်ငန်းအချို့ကို ယာယီရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တစ်နာရီလျှင် မိုးရေချိန် ၇၀ မီလီမီတာကျော် ရွာသွန်းနေပြီး ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း သိရသည်။ ယခုသတိပေးချက်သည် ၂၀၂၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အနက်ရောင်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အနောက်တောင်မုတ်သုံလေအားကောင်းစွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071