နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၂ ရက်မွန်းလွဲပိုင်းကကျင်းပသည့် နိုင်ငံတော်၏စီးပွားရေးတိုးတက်စေရေးလုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းတိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ပါက တိုင်းနှင့်ပြည် နယ်များအလိုက် ဆန်ဖူလုံမှုများရှိလာမည်ဖြစ်ကာ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မန္တ လေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့၌ ဆန်ဖူလုံမှုမရှိသည်ကိုတွေ့ရသည်ဟု ပြောသည်။
” အဲဒီ တိုင်းနဲ့ပြည်နယ်တွေမှာ ပန်းတိုင်ရည်မှန်း ချက်အတိုင်းပြည့်မီအောင်ဆောင်ရွက်နိုင်မယ်ဆိုရင် ချင်းပြည်နယ်နနဲ့ မန္တလေးတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ ဆန်ဖူလုံမှုတိုးတက်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ဆန်တွေကို ပြည်ပနိုင်ငံတွေဆီ အရည်သွေးပြည့်မီစွာနဲ့ ထုတ်လုပ်တင်ပို့နိုင်မယ်ဆိုရင် နိုင်ငံခြားဝင်ငွေတွေပိုမိုရရှိလာမှာဖြစ်တာကြောင့် စိုက်ပျိုးရေးကုန်ထုတ်လုပ် မှုလုပ်ငန်းတွေတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
” ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းမှာ မိုးစပါးစိုက်ပျိုးမှုပေါင်းက(၁၇)သန်းရှိပါတယ်။ အသားတင်စိုက်ပျိုးမှုက(၁၅)သန်းရှိပြီး သီးထပ်စိုက်ပျိုးမှုက(၂ ဒသမ ၂၄)သန်း၊ သီးညှပ်စိုက်ပျိုးမှုက(၂၈၀၀၀)ရှိပါတယ်။ တစ်နှစ်လုံးမှာ စပါးတစ်သီးတည်းသာစိုက်ပျိုးတဲ့ လယ်ယာမြေက(၇ ဒသမ ၃၃)သန်းရှိပါတယ်။ အဲဒီ စိုက်ပျိုးမြေတွေပေါ်မှာ စပါး(သို့)တခြားသီးနှံတွေကို သီးထပ်စိုက်ပျိုးမယ်ဆိုရင် များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ်မှာ တစ်သီးသာစိုက်ပျိုးတဲ့ စိုက်ပျိုးမြေက သန်း(၂၀)ခန့်ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ် ငန်းများအောင်မြင်ရေးကို မိမိတို့အစိုးရ၏ မှတ်ကျောက်အဖြစ်ကျန်ရှိအောင်ဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
