Monday, April 13, 2026

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း...
HomeNewsLocal Newsတစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍...

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန်သတိပေး

တစ်နာရီလျှင် (၃၅)မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများတိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဧပြီ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ ယနေ့ ဧပြီ ၂၉ ရက်ယခုအချိန်မှစ၍ မေ ၄ ရက်အတွင်း အရှေ့ဘက်မှလာသော လေပွေလှိုင်းများနှင့် အနောက်နှင့်မြောက်ဘက်မှလာသော လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်စဥ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်ခန့်၊ တစ်ခါတစ်ရံ မိုင်(၄၀)ခန့်အထိတိုက်ခတ်နိုင်၍ မိုးသက်လေပြင်းအန္တရာယ်အားသတိပြုနေထိုင်ကြရန် သတိပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဧပြီ ၂၉ ရက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် (အောက်ပိုင်း)တို့တွင် တိမ်ထူထပ်နေပြီး ဧရာဝတီတိုင်းတွင် နေရာစိပ်စိပ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းလျှက်ရှိသည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (လမ်းလျှောက်သင်္ကြန်အတွက် ရေတင်ခြင်းများကို ဆိုလာစနစ်ဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071