Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeInternationalတစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

တစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

ဂျကာတာ၊ မေ ၂၂

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို က ၎င်း၏နိုင်ငံတွင် ကြီးမားကျယ်ပြန့်၍ အသုံးမပြု၊မဖော်ထုတ်ရသေးသော စွမ်းအင်အရင်းအမြစ်အရန်သိုလှောင်ထားမှုနှင့် အမြဲမပြတ်ပြန်လည် ဖြည့်တင်း နိုင်စွမ်းတို့ကြောင့် ၎င်းတို့နိုင်ငံသည် ကမ္ဘာကြီးအတွက် အဓိက စွမ်းအင်ထောက်ပံ့ ဖြည့်တင်း ပေးသွင်းသူ ဖြစ်လာရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် တန်ဂဲရန်မြို့ ၌ ကျင်းပခဲ့ သော ၄၉ ကြိမ်မြောက် အင်ဒိုနီးရှားရေနံအသင်းကွန်ဗင်းရှင်းနှင့် ပြပွဲဖွင့်ပွဲတွင် ပရာဘိုဝို က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အင်ဒိုနီးရှားရဲ့ မဟာဗျူဟာမြောက် ရပ်တည်ချက်သည် အရေးကြီးဆုံးဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

“ကျွန်ု‌တော်တို့မှာရရှိနိုင်တဲ့ စွမ်းအင်အရင်းအမြစ်တွေဟာ ရုပ်ကြွင်းလောင်စာတွေကနေစပြီးတော့ မြေအောက် ဘူမိ အပူ၊ ရေအားလျှပ်စစ်၊ လေနဲ့ ပင်လယ်လှိုင်းစွမ်းအင်တို့လို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေအထိ ပါဝင်ပါတယ်။ အင်ဒိုနီးရှားဟာ နိုင်ငံ၏စွမ်းအင်ဖူလုံရုံတင်မကဘဲ ကမ္ဘာကို လည်း စွမ်းအင်ထောက်ပံ့ ဖြည့်တင်း ပေးသွင်းနိုင်မယ်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် မတူးဖော်ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ဒါဇင်များစွာကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် သိသာထင်ရှားသော အခွင့်အလမ်းများကို ပေးဆောင်လျက်ရှိသည်ဟု သမ္မတက မှတ်ချက်ပြု ပြေကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရပိုင်လုပ်ငန်းများအကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ရန် တောင်းဆိုခဲ့သည်။

လိုင်စင်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေရန်အတွက် ဗျူရိုကရေစီ ကြိုးနီစနစ် ကို ပယ်ဖျက်ရန်လည်း ကတိပြုခဲ့သည်။

“စည်းမျဉ်းစည်းကမ်းတွေကို ရိုးရှင်း လွယ်ကူအောင်လုပ်ဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကို တောင်းဆိုပါတယ်။ ပြည်တွင်းရော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားရေး အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမယ်” ဟု ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071