Monday, May 11, 2026

(၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့်...

မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် (၉)ကြိမ်မြောက် ကု လသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ ယနေ့ မေ ၁၁ ရက်က...

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်လာသူ (၇၂)ဦးကို မိဘများထံပြန်လည်အပ်နှံ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်လာသည့် DPLA ၊ TNLA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား (၃၀)ဦးနှင့် အမျိုးသမီး(၄၂)ဦး(စုစုပေါင်း ၇၂ ဦး)တို့ကို...

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC...

အလုပ်သမား(၆၀၀)ဦးကျော်ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ် ​ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏...

တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ရန်ကုန်တွင်စတင်၊...

၂၀၂၆ ခုနှစ်အတွက် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ယနေ့ (မေလ ၁၁ ရက်)...
HomeCelebrities' Newsတစ်နှစ်ခွဲနီးပါး ဂီတလှုပ်ရှားမှုတွေ ငြိမ်သက်နေခဲ့တဲ့...

တစ်နှစ်ခွဲနီးပါး ဂီတလှုပ်ရှားမှုတွေ ငြိမ်သက်နေခဲ့တဲ့ L လွန်းဝါ ဘာ တွေလုပ် ဖြစ် နေလဲ

L-Lwin-War

Lလွန်းဝါက ဂီတနဲ့ပတ်သက်ပြီး တစ်နှစ်ခွဲလောက်အထိ လှုပ်ရှားမှု တွေငြိမ်သက်နေခဲ့ပါ တယ်။ ဒီလိုငြိမ်သက်ခဲ့ရခြင်းကလည်း စိတ်ညစ် စရာ ဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

“အပြင်ဖျော်ဖြေပွဲတွေမှာမဆိုသေးဘဲနဲ့ ဘာသာရေးအဖွဲ့တွေနဲ့ လိုက်ပြီး ကိုယ့်ဘဝကိုယ် ဘယ်လို မျိုး ပြန်ပြီးတည်ဆောက်နေလဲဆို တာမျိုးတွေကို ဘာသာရေးအသိုင်း အဝိုင်းတွေမှာ ကိုယ့်အကြောင်း လေးတွေနည်းနည်း ပြောပြရင်း Share လုပ်ပေးဖြစ်တယ်။ ပြီး တော့ ဘုရားသီချင်းခွေထဲက သီချင်း တွေဆိုပြပေါ့။ အဲဒီလိုမျိုးတွေ လုပ်ပေးဖြစ်နေတယ်။အမှန်က တော့ သူများကို ပြန်အားပေးရင်းနဲ့ ကိုယ့်ကိုယ် ကိုယ်လည်း ပြန်အားပေးတဲ့သဘောပေါ့”လို့ လက်ရှိမှာလုပ် ဖြစ်နေတဲ့အကြောင်းအရာတွေကို Lလွန်းဝါက ပြောပြပါတယ်။ ဒါ့အပြင်သူ့အနေနဲ့ စီစဉ်နေဆဲ ဖြစ်တဲ့’အလိုတော်အတိုင်းပြီးပြည့်စုံသောဘဝ’ လို့ အမည်ပေးထားတဲ့ ဘုရားသီချင်းခွေကို ဒီနှစ်ထဲ မှာထွက် ရှိနိုင်ဖို့စီစဉ်နေပါတယ်။ “သီချင်းကတော့ ၁၄ပုဒ်လောက်ပါတယ်။ သီချင်းတွေပုံစံက လူ့ လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ရေးထားတာများပါတယ်။ မိသားစုနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေပါမယ်။ ပြီးတော့ လူငယ်တွေကို အားပေးထားတဲ့ သီချင်းမျိုးတွေပါမယ်။ လူလူချင်း အကြင်နာတရားနဲ့ မေတ္တာတရားတွေ ဘယ်လို ထားသင့်လဲဆိုတာမျိုးတွေပါမယ်။ သီချင်းလေး တွေက ဒဿနပုံစံမျိုးလေးတွေပါ”လို့ အခွေနဲ့ ပတ်သက်ပြီး Lလွန်းဝါက ပြောပါတယ်။

Lလွန်းဝါက အချစ်သီချင်း ခွေတစ်ခွေလည်း စီစဉ်လျက်ရှိနေပြန်ပါတယ်။ အခုလတ်တလောမှာ အချစ်သီချင်းတွေ သိပ်မဆိုချင်သေးတဲ့ Lလွန်းဝါ က သြဂုတ်လ ၃ရက်နေ့ မှာ ဘာသာရေးအဖွဲ့နဲ့ အမေရိကကို ၁လကြာခရီးထွက်ခွာသွားပြီလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071