Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesတစ်ခါတစ်ခါမှာလွမ်းသလိုလို...

တစ်ခါတစ်ခါမှာလွမ်းသလိုလို…

အစ …အစ” ဟူသော အတိုကောက်စာလုံးလေးလုံး၏အ နက်အဓိပ္ပာယ်ကို စာပေလောကသား အချို့မမေ့ကြသေးဟုထင်ပါ၏။ ဤ အတိုကောက်အသုံးအနှုန်းသည် ၁၉၉ဝ ပြည့်နှစ်များအတွင်း ရန်ကုန် စာပေအသိုင်းအဝိုင်းတွင် အလွန်ရေ ပန်းစားခဲ့ဖူးပါသည်။ (အ၊စ၊အ၊စ)ဟူ သည် ‘အင်းစိန်အုပ်စု’ဟူသတည်း။

 

စာရေးသူစိတ်ထင် အင်းစိန်မြို့ နယ်သည် ထိုခေတ်ထိုအခါမတိုင်မီ ကတည်းက စာပေအင်အားတောင့် တင်းခဲ့၊ စာပေလှုပ်ရှားမှုနိုးနိုးကြား ကြားရှိခဲ့သည်။ နာမည်ကျော်ခေတ် ပေါ်ဝတ္တုဆရာများဖြစ်ကြသော ‘ငြိမ်းကျော်’နှင့် ‘နွမ်ဂျာသိုင်း’တို့ သည် အင်းစိန်သားများ ဖြစ်ကြကုန် သည်။ စာရေးသူပင်လျှင် ‘ပဋိရူပ၊ ဒေသဝါတောစ’ ဓမ္မတရားတော်အလို အရ၊ အင်းစိန်မြို့လယ်၊ ဈေးကြီးအနီး မှာ ၂ နှစ်ခန့် ခိုလှုံခဲ့ရဖူးသည်။ ထို သို့ခိုလှုံခဲ့ရခြင်းသည် စာရေးသူ၏ စာပေပျိုးပင်ကလေးကို ရေလောင်း ပေါင်းသင်ပေးခြင်း စာပေကြီးကောင် ဝင်စေခြင်းလည်း မြည်ပါပေ၏။ အင်းစိန်မှာနေထိုင်စဉ် စာရေးသူ၏ လက်သီးလက်မောင်းတန်း အော်ဟစ် ကြွေးကြော်ထားသည့် ကဗျာအချို့ သည် ပုံနှိပ်စာလုံးအဖြစ် ၁၉၇ဝ ပြည့်နှစ်ထုတ် မဂ္ဂဇင်းအချို့မှာ ပါ ဝင်လာခဲ့ကြသည်။ ‘ကြူးနှစ်’ဆိုသော အကောင်ကြီး မဖြစ်သေး။ ‘စာပေက လလ ရေကြည်တည်ခါစ’သာဖြစ် သေးသည်။ ပသို့ဆိုစေ…အင်းစိန် သည် ကြူးနှစ်၏ စာပေဇာတိချက်မြှုပ် သဖွယ်ဖြစ်ပါပေသည်။ အင်းစိန်သည် မမေ့နိုင်သော စာပေကျေးဇူးရှင် နယ်မြေပါတည်း။

 

ခရစ်သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် တစ်ဝိုက်ဟုထင်သည်။ (ဦးနှောက် မကောင်းလှ၍ မှတ်ဥာဏ်ဝေဝါးနေ ပါသည်။ ခုနှစ်အတိအကျမဖော်ပြ နိုင်ပါ။ စာရေးဆရာလုပ်စားနေပြီး နေ့စဉ်မှတ်တမ်းရေးရမှာ သေမ လောက်ကြောက်သူလည်း ဖြစ်ပါ၏။ စကားချပ်။) ထိုကာလတွင် (အ၊ စ၊ အ၊စ)အုပ်စုဝင်အဖြစ် နာမည်မခံကြ သော စာပေသမားအချို့သည် အင်း စိန်မြို့လယ်တစ်နေရာတွင် ‘စနေ ဝိုင်း’ကို သိုသိုသိပ်သိပ်တည်ထောင် ကြပါသည်။ နေရာက ဘူမိနက်သန် အဖိုးတန်လှသော နေရာကောင်းဖြစ် သည်။ အင်းစိန် (စီအိုင်ဒီ)ဝင်းကြီး ၏ အရှေ့ဘက်တစ်ခေါ်သာသာ လောက်မှာ ရှိသည်။ နေအိမ်ခြံဝင်း တို့နှင့်တွဲလျက် လက်ဖက်ရည်ဆိုင် ဖွင့်ထားသည်။ ကားလမ်းဘေးမှာ ကပ်လျက်ပါပဲ။ သို့သော် ပုဏ္ဏားရိက် ပင်တန်း ခြံစည်းရိုးရှိနေ၍ ဆိုင် အတွင်းဘက်ကို သိသိသာသာမမြင်ရ ပါ။ သစ်ပင်အရိပ်အာဝါသအလွန် ကောင်းလှသည်။ ပြောရလျှင်တော့ ထိုလက်ဖက်ရည်ဆိုင်သည် ကဗျာ ဆရာကြီး ‘တင်မိုး’၏ နေအိမ်နှင့် မနီးမဝေးမှာ ရှိပါသည်။ ဆိုင်ရှင် (အိမ်ရှင်၊ ခြံရှင်)ကလည်း စာပေ သမားများကို ချစ်ခင်လေးစားမှု အပြည့်ရှိသည်။ (စာပေသမားဆိုသ ဟာတွေက …လက်ဖက်ရည် အချိုတစ်ခွက်လောက်သောက်ပြီး လက်ဖက်ရည်ကြမ်း ဆယ်အိုး လောက် သောက်တတ်ကြ။ လက် ဖက်ရည် ပန်းကန်ထဲမှာ မုန်တိုင်း ထအောင် ဖန်တီးနိုင်စွမ်းရှိသူများ မဟုတ်ကြပေဘူးလား။ စကားချပ်။)
စာရေးသူက မှော်ဘီမှာနေ သည်။ ရှေးဟောင်းစာပေပညာရှင် ‘မှော်ဘီဆရာသိန်းကြီး’၏ ဇာတိနယ် မြေဖြစ်သော်လည်း ဟုတ်ဟုတ်ငြား ငြား စာပေသမားဆို၍ ရှားတောင့် ရှားပါး ဒေဝါမလင်းမူးနေတတ်သော် လည်း စာနယ်ဇင်းတွေမှာ ဝတ္တု ဆောင်းပါးတွေ အဆက်မပြတ်ရေးနေ သူ ‘ဆြာကြူး’တစ်ယောက်ကိုသာ ထီးဖြူဖိနပ်ပါးကိုးရိုးကားရား ယိုင်တီး ယိုင်ထိုးဖြင့် တွေ့ရပေမည်။

သို့မို့ကြောင့် …’ရတနာရှိ ရာ ရတနာလာ’ ဆိုဘိသကဲ့သို့၊ စ နေနေ့တိုင်း ‘စနေဝိုင်း’ ရှိရာသို့ ဆြာ ကြူးတစ်ယောက်သိုင်းကွက်နင်း လျက် ခြေစကြာဖြန့်တတ်လေသည်။ ဆြာကြူးကား …ပွဲလမ်းသဘင် သွားနေသည့် ကလေးတစ်ယောက် ပမာ ရီတီတီဝေတေတေနှင့် အထူး ထ မြူးကြွနေတော့သည်။ ဆြာကြူး မှာ ထိုစဉ်က ဝင်ငွေနှင့် ထွက်ငွေ မမျှသောကြောင့် လူရိုသေရှင်ရိုသေ ဝတ်ကောင်းစားလှမရှိ၊ အနုပ်စုတ် ကုပ်စုတ်နှင့်ပင် စနေဝိုင်းသို့ ကြွမန်း လေသည်။

စနေဝိုင်းသို့ အရင့်အမာပါရမီ ရှင်စာပေအနုပညာသမားကြီးများ လာရောက်စုဝေးကြသော်လည်း ဟိတ်တွေ ဟန်တွေ၊ စတိုင်တွေ၊ ဂွိုင် တွေမရှိပါ။ အဆင်တန်ဆာမဲ့ ဆိုင် ကလေးထဲမှာ ခုံပုကလေးတွေဖြင့် ကုပ်ကုပ်ရုပ်ရုပ်၊ ပျော်ပျော်ရွှင်ရွှင် ထိုင်ကြသည်။ အနီးအနားမှာ နေ ထိုင်သော ဆရာတင်မိုးဆိုလျှင် အိမ် နေရင်း ဝတ်သော စွပ်ကျယ်လက်စ က အပေါက်အပြဲ ခေါင်းစုတ်ဖွား၊ ဆေးပေါ့လိပ်တိုခဲ လျက်ရောက်လာ တတ်သည်။ ဆရာကြီး ‘ကိုလေး (အင်းဝဂုဏ်ရည်)’ ကား ရပ်ဝေးမှ လာရသဖြင့် လူရိုသေ ရှင်ရိုသေဖြစ် အောင် တိုက်ပုံအင်္ကျီနှင့် ဘာနှင့်။ အမျိုးသမီးတွေကလည်း တော်ရုံသင့် ရုံအဝတ်အစားဖြင့် ရောက်လာတတ် ကြသည်။

တစ်ခါသော် …အထူးဧည့် သည်တော်အဖြစ် ထပ်ဆင့်အကယ် ဒမီများရှင်၊ ဝါရင့်သရုပ်ဆောင်ကြီး (ဦး)ထွန်းဝေရောက်ရှိလာခဲ့ပါသည်။ စကားဝိုင်းတွင် ‘လေးလေး’ဟု အမည်တွင်နေသော (ဦး) ထွန်းဝေ က မိတ်ဆွေများနှင့် အာလာပသလ္လာ ပ ပြောနေပါသည်။ ထိုစဉ် မိမိထံမှ အယ်လကိုဟော အနံ့ရမှာစိုး၍ ဝိုင်း အပြင်ဘက်မှာ ထိုင်နေသော ဆြာ ကြူးက မင်းသားကြီးအား …

”လေးလေးရဲ့ ရုပ်ရှင်ဇာတ်ကား ဒါဇင်ပေါင်းများစွာ ကျွန်တော်ကြည့် ရှုခဲ့ဖူးပါတယ်။ အကြိုက်ဆုံးကတော့ ဒါရိုက်တာ အေဝမ်းမောင်လှမျိုးရိုက် ကူးတဲ့ (ဆောင်း)ဇာတ်ကားကြီးပါပဲ ခင်ဗျား …ဟု မူးကြောင်ရူးကြောင် နှင့် အာချောင်လိုက်မိသည်။ လေး လေးက ဆြာကြူးကို တစ်ချက်ကြည့် ၍ ခေါင်းညိတ်အသိအမှတ်ပြုပါ သည်။
ဆြာကြူးသည် အာချောင်လျှာ ချောင်သော အရှိန်ကို မသတ်နိုင်ဘဲ ထိုင်ရာမှထ၊ မင်းသားကြီး၏ ထင်ရှား ကျော်ကြားသော ‘အိုက်တင်’ဖြစ်သည့် ဘောင်းဘီခါးပတ်ကို ရင်ဘတ် အောက်သို့ ဆွဲတင်ဟန်ပြုကာ (ဆောင်း)ဇာတ်ကားထဲမှ မင်းသား ကြီး၏ အိုက်တင်အတိုင်း ”ဟေ့ ရစ် ချတ်၊ မင်းပြောတော့နော် သေပြီဆို ကွ”ဟု ‘တော်ကီ’ပေးပြီးနောက် …

”အဲ့ …အဲဒီ အိုက်တင်ကို ကျွန်တော်စွဲနေပါတယ် လေးလေး” ဟု လေကြောင်းမှုတ်လိုက်ပါသည်။

သည်တစ်ခါတော့ လေးလေး သည် ကျွန်တော့်ဘက်သို့ လှည့်မ ကြည့်တော့ပါ။ မကြားချင်ယောင် ဆောင်နေသလား …”မူးရင် ငြိမ် ငြိမ်နေပါလားကွယ်”ဟု သတိပေး နေသလား မသိပါ။

ထိုကဲ့သို့ ဆြာကြူး ‘လေပွ’ခြင်း ကို အမျိုးသမီးမိတ်ဆွေ (ငြိမ်းငြိမ်း ကလား မမှတ်မိ) တစ်ဦးက စနေဝိုင်း သိမ်းသည့်အခါ သတိပေးပြစ်တင်ပါ သည်။

”ရှင်ကလည်း လေ …အ လိုက်ကန်းဆိုးမသိဘူး။ လူကြီးတွေ စကားကောင်းပြောနေတာကို ဝင်ဝင် ရှုပ်တယ်”

”အိုကေ ငြိမ်းငြိမ်း။ ငြိမ်းငြိမ်း စကားကို နားထောင်မယ်။ နား ထောင်တဲ့အတွက် ငွေတစ်ထောင် ဆုချရမယ်။ ဒါပဲ”

ဆြာကြူး ‘ရစ်’ရကျိုးနပ်သွား သည်။ ငွေတစ်ထောင်တော့ ငြိမ်း ငြိမ်းတို့က ဘယ်မှုမှာလဲ။ သူက ကိုယ် ပိုင်ဆလွန်းကားအသစ်ကြီးကို ကိုယ် တိုင်မောင်းပြီးလာနိုင်တဲ့ ဘောစိ မဟုတ်လား။

ဆြာကြူးထက် ပိုကဲသူက သမိုင်းမှာနေသော စာရေးဆရာ အယ်ဒီတာ ‘လင်းထင်’ဖြစ်သည်။ သူ က အကောင်းစားအညွန့်စားချည်း ဝတ်ပြီး စနေဝိုင်းကိုလာတာ။ လွယ် အိတ်ကလည်း အကောင်းစား၊ လက် ပတ်နာရီကလည်း အကောင်းစား။ ဆံပင်ကိုလည်း ဆီရွှဲရွှဲနှင့်ကော့နေ အောင် ဖြီးထားသည်။ နေကာမျက် မှန်ကလည်း တပ်ထားလိုက်သေး …ခက်သည်က သည်ပုဂ္ဂိုလ်မူးနေ သည်။ ခပ်တည်တည်ကြီး မူးနေ သည်။ စကားမပြောဘဲ မူးနေသည်။ ခွေးခြေပေါ် ထိုင်ချလိုက်တိုင်း နောက်သို့ လန်၊ လန်ပြီး လဲကျနေ သည်။ သူလဲကျတိုင်း ဆြာကြူးက ဆွဲ ထူရသည်။

နောက်ဆုံးတော့ ဆရာလင်း ထင်ကို ဆြာကြူးက စာနာနားလည် စွာ ဘတ်စကားပေါ်သို့ ပို့ဆောင် ပေးလိုက်ရလေသည်။

ပြန်တွေးကြည့်တော့ လွမ်း သလိုလို …ဘာလိုလို။ ။

ကြူးနှစ်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071