တက္ကသိုလ်ဆိုတာ ဆယ်တန်း စာမေးပွဲကို ဖြတ်ကျော်ပြီးခဲ့တဲ့ လူငယ်အရွယ်ကျောင်းသား၊ ကျောင်းသူ တိုင်း ရင်ခုန်ချင်တဲ့ နေရာပရဝဏ်တစ်ခုပါ။ တက္ကသိုလ် ကျောင်းတော်ကြီးဆီကနေပဲ စစ်မှန်တဲ့ သူငယ်ချင်းတွေ၊ ဘဝအတွေ့ အကြုံတွေ၊ ပျော်ရွင်မှုတွေ ၊ စတဲ့ အမှတ်တရ ပေါင်းများစွာ ကို ပေးစွမ်းနိုင်တဲ့ကျောင်းသားတို့ရဲ့ ခိုလှုံရာ ဒုတိယအိမ်လို့ တင်စားမယ်ဆိုရင်လည်းမှားမယ် မထင်ပါ။ တက္ကသိုလ်ကျောင်းကြီး ထဲက သူတို့ တွေ ရဲ့တကယ့်ရင်ထဲက စကားတွေကကော ကျောင်းကြီးအပေါ်ဘယ်လိုမြင်သလဲ၊ ကျောင်း ကြီးပြီးသွား ရင်သူတို့ ဘယ်လို ခံစားချက်တွေ ရှိလေမလဲဆိုတာကို သွားရောက်မေးမြန်း ဖော်ပြပေးလိုက်ပါတယ်။
ခိုင်မီမီဇော်
ဆယ်တန်းကျောင်းသူဘဝနဲ့ တက္ကသိုလ်ကျောင်းသူဘဝက အများ ကြီးကွာပါတယ်။ တက္ကသိုလ် ကျောင်းသူဘဝက အလွန်ကို ပျော်စ ရာကောင်းပါတယ်။ ပြီးတော့ စစ်မှန် တဲ့ သူငယ်ချင်းကောင်းဆိုတာကို လည်း တက္ကသိုလ်တက်ရင်းနဲ့ ရရှိလာခဲ့တာဖြစ်ပါတယ်။ ဆယ်တန်း ကျောင်းသူတုန်းကလည်း သူငယ်ချင်း ဆိုတာရှိခဲ့ပေမယ့် တက္ကသိုလ်မှာ ဆုံဖြစ်တဲ့ သူငယ်ချင်းဆိုတာတော့ ကွာခြားပါတယ်။ တက္ကသိုလ်ရောက်မှ စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ နဲ့ ဆုံလာခဲ့တယ်။ အခု ညီမဆိုရင် စတုတ္ထနှစ် ကျောင်းသူဆိုတော့ ကျောင်းကြီးကို ပိုချစ်တတ်လာတယ်။ ကိုယ့်ရဲ့ တက္ကသိုလ်ကို တက္ကသိုလ် ကျောင်းသားတိုင်းက ချစ်ကြတာ ချည်းပါပဲလေ။ ပြောရမယ်ဆိုရင် အခုစတုတ္ထနှစ်ဆိုတော့ ယူနီတက် ရတဲ့ ခံစားချက်က ပိုပြီးတော့ ပြင်းပြလာတယ်လို့ ပြောရမယ်။ ဒီကျောင်းကြီးရဲ့ အငွေ့အသက် တွေက ညီမတို့ အတွက် မိဘသဖွယ် အမြဲနွေးထွေးမှုတွေပေးတယ်။ နောက်နှစ်မှာညီမတို့တွေက ကျောင်း ပြီးသွားပြီဆိုရင်တော့ လွမ်းနေ တော့မှာပေါ့။ ညီမတို့ရဲ့ ကျောင်း တော်ကြီးကတော့ အသစ်တက်လာ မယ့် ညီငယ် ညီမငယ်တွေ ကို ညီမ တို့ ကျောင်းတက်တုန်းက ကြိုဆိုနေ သလို နွေးနွေးထွေးထွေး နဲ့ ကြိုဆိုနေ ဦးမှာပဲလေ။
ကေခိုင်လွင်ဦး
တက္ကသိုလ်ဆိုတဲ့ ဂုဏ်ပုဒ် လေးကို တန်ဖိုးထားတယ်။ ဒဂုံ တက္ကသိုလ်ကို တက်ခွင့်ရတော့ ပိုပျော်တာပေါ့။ ဒဂုံ တက္ကသိုလ်ဆို တာ သိပ်ကို လှပတဲ့ မြန်မာနိုင်ငံထဲက တက္ကသိုလ်ကြီးတစ်ခုလေ။ ကျောင်း ကြီးကို ပထမဦးဆုံးခြေချ ခွင့်ရ ကတည်းကဘယ်လိုပြောရမလဲ ရင်ခုန်မှု တွေက တထိတ်ထိတ်ပေါ့ နော်။ တစ်ယောက်တည်းလေ။ သူငယ်ချင်းဆိုတာလည်း မရှိသေး ဘူး။ ပထမနှစ်တက်ရင်းနဲ့ တအား ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ဆုံစည်းခွင့်ရခဲ့တယ်။ တက္ကသိုလ်ရဲ့ သမားစဉ်အတိုင်းပေါ့လေ သူငယ် ချင်းတွေ အတူသွားအတူစား။ အား ကစားပွဲတွေဆီလည်းသွား အော်ဟစ် အားပေးနဲ့ဖြတ်သန်း ကျတာပေါ့။ ကိုယ့်မေဂျာ အသင်းကို ဘယ်သူမဆို နိုင်ချင်တာလေ။ အားကစား ဆောင် နဲ့ နီးတဲ့ စာကြည့် တိုက်လည်း သွား ဟိုလှန် ဒီလှန်နဲ့ ဗဟုသုတတွေ စု ဆောင်းနဲ့ အတွေ့အကြုံတွေက ညီမ တို့ကိုလောကကြီးထဲမှာ ရင့်ကျက် စွာနဲ့ လူတစ်ဦး ဖြစ်လာဖို့ သင်ကြား ပေးခဲ့တာလည်း ဒီကျောင်းတော် ကြီးပါပဲ။
ရွှေစင်
တက္ကသိုလ်တက်ရတဲ့ ခံစား ချက်ကတော့ ညီမ ဘဝမှာ အပျော် ဆုံးပဲ။ ဘာလို့လဲဆိုတော့ ညီမတအား ချစ်ရတဲ့ သူငယ်ချင်း ကောင်းတွေ ကလည်း ဒီကျောင်း ကြီးထဲကနေပဲ ရှာတွေ့ခဲ့တယ်။ သူတို့တွေနဲ့ စာတွေ တူတူကျက်၊ တူတူစား၊ တူတူသွားခဲ့ တဲ့ ရက်တွေဟာ ညီမရဲ့ အပျော်ရွှင် ဆုံး အချိန်တွေပဲ။ ကျောင်းပြီးသွားရင် ဒီလို ပျော်ရွှင်မှုမျိုးရချင်မှတောင် ရတော့မှာလေ။ ညီမတို့ရဲ့ ဆရာမ တွေကလည်း ညီမတို့ကို သူတို့ ရဲ့သားသမီးလေးသဖွယ် ပြောဆို ဆုံးမတာတွေက ညီမတို့ အတွက် နွေးထွေးမှုတွေကို ရတယ်။ ညီမတို့ရဲ့ ဒုတိယအိမ်ဆိုလည်း မမှားဘူးပေါ့။ တက္ကသိုလ် ကျောင်း သူဘဝ ဆိုတော့ ရံဖန်ရံခါ အတန်းလစ်ပြီး သူငယ်ချင်း တွေ လျှောက်ဒိုးတာလေးလည်း ရှိတာပေါ့လေ။ အဲ့ဒီတော့ ညီမတို့က နောက်နှစ်ဆိုရင် ကျောင်းပြီးတော့ မှာဆိုတော့ နောက်တက်လာမယ့် မောင်တွေ ညီမလေးတွေကိုတော့မှာ ချင်တယ်။ ကျောင်းကို ပျော်ပျော် ရွှင်ရွှင်လိမ်လိမ်မာမာ နဲ့ တတ်ရောက် ပြီးတက္ကသိုလ်ကျောင်းသားဘဝ လေးကို ဖြတ်သန်းကြပါလို့ ပြောခဲ့ ချင်ပါတယ်။
နန်းထက်ထက်ထူး
အထက်တန်းကျောင်းမှာ ဆယ် တန်းအောင်ပြီးနောက်ထပ်တက် ရောက်ခွင့် ရတာက ဒဂုံတက္ကသိုလ် ဆိုတဲ့ ကျောင်းတော် ကြီးပဲလေ။ ကိုယ့်ရဲ့ တက္ကသိုလ်ကိုတော့ လူတိုင်းက ချစ်မြတ်နိုးကြတာချည်း ပါပဲ။ တက္ကသိုလ်ဆိုတဲ့အတိုင်း လူတန်းစားမျိုးစုံ၊ အလွှာမျိုးစုံက လူငယ်တွေအားလုံး တစ်နေရာ တည်းမှာ စုစည်းပြီး ပညာသင်ကြား ခွင့်ရကြတာဖြစ်တော့ စိတ်အမျိုး မျိုးတော့ရှိပေမယ့် ကိုယ့်ရဲ့ သူငယ် ချင်းတွေ အားလုံးကစိတ်တူ၊ ကိုယ် တူနဲ့ တက္ကသိုလ်နေ့ရက်တွေကို ဖြတ်သန်း နေကျ သူတွေချည်းပါ။ စိတ်ကောက်ရင် ပြန်ချော့လိုက် ကြတယ်။ ဒီလိုပဲ သူငယ်ချင်းတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်း ကြတာပါ။ အခု စတုတ္ထနှစ်ကို ညီမတို့ ရောက်လာ တော့ နောက်နှစ် ထဲမှာ ခွဲရတော့ မှာပါလား ဆိုတဲ့ အသိ တော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့် ကျောင်းတော့ ကိုယ်လွမ်းမှာ ပေါ့။ ညီမတို့ရဲ့ ငယ်ရွယ်တဲ့ နေ့ရက်တွေကို ဒီကျောင်းတော်ကြီး ထဲမှာ ပညာတွေ သင်ရင်းနဲ့ ပျော်ရွှင် စွာ ဖြတ်သန်း လာခဲ့ကြတာလေ။ ဒါတွေ က ညီမတို့ မှတ်Óဏ်တွေထဲက ခဏလေးနဲ့ ပျောက်သွားဖို့ဆို တာတော့ မလွယ် ဘူးထင်ပါတယ်။ ဒီကျောင်းကြီးကို အမြဲသတိရနေမှာ တော့သေချာ ပါတယ်။
ထက်လူ