၂ဝ၁၇ – ၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော တပ်မတော် (လေ) မိသားစုဝင် သားသမီးများအား Aviator Foundation မှ ပညာရည်ချွန် ဂုဏ် ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် Aviator Foundation ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) အငြိမ်းစား၊ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး ၆ ဘာသာဂုဏ် ထူးရှင် ၂ ဦး၊ ၅ ဘာသာ ဂုဏ်ထူး ရှင် ၆ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးနှင့် ၃ ဘာသာဂုဏ်ထူးရှင် ၁၅ ဦး တို့ကို Aviator Foundation မှ စာ ရင်းစစ်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနှင့် နာယကတို့က ဆုများအသီးသီး ချီး မြှင့်ကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မျိုးမောင်