
မန္တလေးတိုင်းဒေသကြီး သဘင် အစည်းအရုံးက ကြီးမှူးပြီး ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် အောင်မြင်ခဲ့ကြသည့် မန္တလေး တိုင်းအတွင်းရှိ သဘင်အနုပညာရှင် များ၏ သားသမီးများအား ပထမ အကြိမ် ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။
”၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲမှာ အောင်မြင်ခဲ့ကြတဲ့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သဘင် အနုပညာရှင်များရဲ့ သားသမီးများ ကို မြို့နယ်အလိုက် တစ်ပတ်အတွင်း စာရင်းပြုစုပြီး ဂုဏ်ပြုပွဲကို အမြန် ဆုံး ကျင်းပပေးမှာဖြစ်ပါတယ်။ ဂုဏ် ပြုပွဲကျင်းပဖို့အတွက် မန္တလေးတိုင်း သဘင်အစည်းအရုံးကငွေကျပ် ၁ဝ သိန်း မတည်ပေးထားပါတယ်။ သဘင် အနု ပညာပရဟိတအဖွဲ့အစည်းများနဲ့ သဘင်ချစ်သူများလည်း ပါဝင်လှူ ဒါန်းဖို့ဖိတ်ခေါ်ပါတယ်”ဟု မန္တလေး တိုင်း သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးစိန်မောင်းက ပြောသည်။
မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး၏ လမ်းညွှန်မှုဖြင့် ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲတွင် အောင်မြင်ခဲ့ကြသည့် မြန် မာတစ်နိုင်ငံလုံးရှိ သဘင်အနုပညာရှင် များ၏ သားသမီးများအား ဂုဏ်ပြု ချီးမြှင့်ပေးနိုင်ရန် ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
