Looking for something?

Explore the website

Looking for something?

Thursday, August 14, 2025

မြောက်ဒဂုံရှိ “ရွှေစင်” အကယ်ဒမီ ရွှေဆိုင်...

မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့်...

ယခုနှစ်အတွက် ချီးမြှင့်မည့် World MMA...

Fighter Only မဂ္ဂဇင်းက ရွေးချယ်သည့် (၁၇)ကြိမ် မြောက် World MMA Awards တွင် ထည့်သွင်းချီးမြှင့်မည့်ဆုများအနက် ဆုနှစ်ခု၏ ပဏာမစာရင်းတွင်...

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR...

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR...

မန္တလေးမဟာမုနိဘုရားကြီးအား ပိတ်ရက်မရှိလာရောက်ဖူးမြှော်နိုင်ပြီ

မန္တလေး မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။ ငလျင်ကြောင့်ပျ-က်စီးထိခို-က်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပါတယ်၊ အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေအဆင်ပြေစေဖို့...
HomeNewsLocal Newsတက္ကသိုလ်ဝင်အောင်လက်မှတ်များ အတု၊ အစစ်ခွဲခြားနိုင်ရန်...

တက္ကသိုလ်ဝင်အောင်လက်မှတ်များ အတု၊ အစစ်ခွဲခြားနိုင်ရန် QR Code များ ထည့်သွင်းထား

၂၀၂၄ ခုနှစ်၊ စနစ်သစ် Grade-12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကိုအတု၊အစစ်ခွဲခြားနိုင်ရန် အောင်လက်မှတ်များတွင် QR Code များ ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရသည်။

အောင်လက်မှတ်များတွင် QR Code များ ထည့်သွင်း၍ ထုတ်ပေးလျက်ရှိရာ အဆိုပါ QR Code ကို Scan ဖတ်၍ အောင်လက်မှတ်၏ စစ်မှန်မှုနှင့် အောင်လက်မှတ်ပါ အချက်အလက်များ၏ မှန်ကန်မှုကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အောင်လက်မှတ်တွင်ပါသော QR Code ကို Scan ဖတ်လိုက်ပါက verify.dme.gov.mm နှင့် အစပြုသော Website လိပ်စာတစ်ခု ထွက်လာမည်ဖြစ်ပြီး ထိုလိပ်စာကို ဝင်ကြည့် ပါက ကျပန်းထုတ်ပေးသည့် ဂဏန်း ၆ လုံးနှင့် ထိုဂဏန်း ၆ လုံးကို ရိုက်ထည့်ရမည့် နေရာတွေ့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဂဏန်း ၆ လုံးကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်၍ Submit ကို နှိပ်လိုက်သည်နှင့် အောင်လက်မှတ်ပါ အောက်ဖော်ပြပါ အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့်အောင် လက်မှတ် မဟုတ်လျှင် သို့မဟုတ် အတုဖြစ်လျှင် QR Code သည် verify.dme.gov.mm နှင့် ချိတ်ဆက်၍ အလုပ်လုပ်မည် မဟုတ်ကြောင်း၊ သို့မဟုတ် veify.dme.gov.mm မဟုတ်သော အခြား Website တစ်ခုခုသို့ ရောက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ် တစ်စောင်မှ QR ကို ပွားယူ၍ အတုလုပ်ထားလျှင်လည်း အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR ကို Scan ဖတ်သည့်အခါ ထွက်လာမည့် မူရင်း အချက်အလက်များ တူမည်မဟုတ်ကြောင်း သိရသည်။

အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR Result ပါ အချက်အလက်များသည် တစ်ထပ်တည်း ဖြစ်ရမည်ဖြစ်ပြီး အကယ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးလိုက်သည့် အောင်လက်မှတ် အစစ်အမှန်ဖြစ်သော်လည်း အောင် လက်မှတ်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် verify.dme.gov.mm တွင် ဖော်ပြထားသည့် အချက်အလက်များ ကွဲလွဲမှုရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Page Messenger သို့ဖြစ်စေ၊ qr@myanmar exam.org သို့ဖြစ်စေ ထုတ်ယူထားသည့် အောင်လက်မှတ် ဓါတ်ပုံပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ဒဂုံရှိ “ရွှေစင်” အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရပြီး တစ်ဦးဒဏ်ရာရ

မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့် ဓားများကိုင်ဆောင်လာကာ ခြိမ်းခြေ-ာက်ဓားမြတို-က်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လူတစ်စုကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ တစ်ဦးကို ဖမ်းမိထားပြီး ကျန်သူများမှာ လွတ်မြောက်သွားကြောင်း သိရသည်။ ရွှေဆိုင်မှ ပစ္စည်းများပါမသွားသော်လည်း လုံခြုံရေးဝန်ထမ်းတစ်ဦးဓားဖြင့်ထိုးခံရ၍ ‌ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ ရောက်ရှိကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။ ရွှေစင်အကယ်ဒမီ ရွှေဆိုင်သည် အခေါက်ရွှေအတုံးအခဲများကိုသာ အဓိကထား ရောင်းချခြင်းဖြစ်ကြောင်း...

ယခုနှစ်အတွက် ချီးမြှင့်မည့် World MMA Awards ဆုနှစ်ခု၏ ပဏာမစာရင်းတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန် ပါဝင်

Fighter Only မဂ္ဂဇင်းက ရွေးချယ်သည့် (၁၇)ကြိမ် မြောက် World MMA Awards တွင် ထည့်သွင်းချီးမြှင့်မည့်ဆုများအနက် ဆုနှစ်ခု၏ ပဏာမစာရင်းတွင် မြန်မာဖိုက်တာ ဂျော့ရှုအာဗန် ပါဝင်နေကြောင်း သိရသည်။ ယခုနှစ် အနည်းငယ်အတွင်း UFC စင်မြင့်၌ နာမည်ရလာသည့် ဂျော့ရှုအာဗန်သည် တစ်နှစ်တာ အကောင်းဆုံးဆု စာရင်း၏ ပဏာမစာရင်းတွင်ပါဝင်လာခြင်း ဖြစ်သည်။ ဂျော့ရှုအာဗန်သည် Breakthrough Fighter Of The Year ဆုနှင့် Fight Of The Year ဆုများ၏ ပဏာမစာရင်းတွင်...

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR အသုံးပြုမည်

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR အသုံးပြုမည်ဖြစ်သည်။ ဗီဒီယိုအကူဒိုင်စနစ်(VAR)ကို အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအဖြစ် စတင်အသုံးပြုခြင်းလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(B)၌ ဩစတြေးလျယူ၂၃ အသင်းနှင့် တီမောအသင်းတို့ကို အနိုင်ရပြီး ဖိလစ်ပို င်အသင်းကို သရေကျကာရမှတ် (၇) မှတ်ဖြင့် အုပ်စုပထမရရှိခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ (၁၆)ရက်၌ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ်လ (၁၉)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071