စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂဒေသ လေရှီးမြို့ အ . ထ .က ကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရန် ဧပြီလ(၂၈)ရက်၊ နံနက် (၉)နာရီက ကျောင်းစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများသည် မြေငလျင်ကြီးကြောင့် မီးလေ-ာင်ပျ-က်စီးဆုံးရှုံးခဲ့မှုတွင် ပါဝင်ခဲ့သည့် အတွက် ပြန်လည်ဖြေဆိုရန် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဌေးတို့က ကြည့်ရှုစစ် ဆေးကာ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူ များအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရသ ည်။
လေရှီးမြို့အ . ထ . က ကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာ မေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား/သူစုစုပေါင်း (၇၅ ) ယောက်ရှိပြီး လက်ရှိတက်ရောက်သင်ကြားနေသည့် ကျောင်းသား/သူဦးရေ(၂၅) ယောက်သာ တက်ရောက်သင်ကြားလျက်ရှိရာ ကျောင်းမတက်ရောက်နိုင်သေးသည့် ကျောင်းသား/သူ များကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောကြားကာဆက်လက်ပြီး အထကျောင်း၌ တည်ရှိသော သောက်ရေသန့်နှင့် လျှပ်စစ်မီးရရှိမှုအခြေနေကို မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး၀င်းမောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆးခဲ့ကြောင်း သိရသည်။