၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ(၃၃)ဦးကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ(၁၄)ရက်က MAI လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်ကနေစင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး စင်ကာပူနိုင်ငံ မြန်မာသံရုံးကကြိုဆိုခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံရှိ Botanic Garden သို့ သွားရောက်လေ့လာခဲ့ပြီး Singapore Institue of Management University သို့ သွားးရောက်ပြီး တက္ကသိုလ်နှင့်ပတ်သက်သည့်အချက်အလက်များနှင့် ပို့ချလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာသင်တန်းများအကြောင်း ရှင်းလင်းပြောကြားမှုများကို လေ့လာခဲ့ကြောင်း သိရသည်။
ထိုနောက် ညနေပိုင်းတွင် Sentosa သို့ ရောက်ရှိပြီး Singapore Oceanarium ကို ကြည့်ရူလေ့လာခဲ့ကြောင်း လည်း သိရသည်။
