အမေရိကန်ပြည်ထောင်စု တက္ကဆပ်စ်ပြည်နယ် အလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုများကြောင့် ေ-သဆုံးသူ အရေအတွက်သည် ၈၂ ဦးထက်မနည်း ရှိလာကာ မိသားစုများသည် ရေနစ်မြုပ်နေသော အပျ-က်အစီးများကို ဖယ်ရှားရှင်းလင်းကာ မိန်းကလေးသီးသန့် နွေရာသီစခန်းတစ်ခုဖြစ်သော Camp Mystic စခန်းအတွင်းရှိ လူသူမရှိတော့သော သစ်သားတဲအိမ်များအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြသည်။
ကယ်ဆယ်ရေးသမားများသည် ခက်ခဲကြမ်းတမ်းသော မြေပြင်အခြေအနေ၊ မြင့်တက်နေသောရေများနှင့် မြွေများ၏ အန္တရာယ်ပေးနိုင်သော အခြေအနေများကြားမှ စခန်းရှိ မိန်းကလေး ၁၀ ဦးနှင့် အကြံပေးတစ်ဦး အပါအဝင် ပျေ-ာက်ဆုံးနေသူများကို အပူတပြင်း ဆက်လက်ရှာဖွေလျက်ရှိသည်။ တက္ကဆပ်စ်သို့ မုန်တိုင်းများ စတင်ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ပြည်နယ်တစ်ဝန်း၌ ပျေ-ာက်ဆုံးနေသူ ၄၁ ဦးရှိကြောင်း အတည်ပြုကာ ပျေ-ာက်ဆုံးသူများသည် ထပ်၍ ရှိနိုင်သေးသည်ဟု ပြောကြားခဲ့သည်။
Camp Mystic နှင့် အခြား လူငယ်စခန်းများတည်ရှိရာ Kerr ကောင်တီတွင် ကလေး ၂၈ ဦး အပါအဝင် ရုပ်အလေ-ာင်း ၆၈ လေ-ာင်းကို ရှာဖွေရေးသမားများက တွေ့ရှိခဲ့သည်ဟု ကောင်တီရဲအရာရှိ လယ်ရီ လိုင်သာက မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
သောကြာနေ့က စတင်ခဲ့သော ရေလွှမ်းမိုးမှုများတွင် ပျေ-ာက်ဆုံးနေသူများကို တစ်ယောက်မကျန် ပြန်ရှာတွေ့သည်အထိ ရှာဖွေမှုများ ရိုဆက်လက်၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုပြောကြားခဲ့သည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ Travis၊ Burnet၊ Kendall၊Tom Green နှင့် Williamson ကောင်တီတို့တွင် ေ-သဆုံးသူ ၁၀ ဦး ရှိခဲ့သည်ဟု သိရသည်။ ေ-သဆုံးဦးရေသည် နောက်ရက်အနည်းငယ်တွင် ထပ်တိုးလာရန် သေချာသလောက်ရှိသည်ဟု တက္ကဆပ်စ်ပြည်နယ် ပြည်သူ့ဘေးအန္တရာယ်လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး ဖရီးမန်း မာတင်က ပြောဆိုခဲ့သည်။
အင်္ဂါနေ့အထိ မိုးဆက်လက်ရွာသွန်းနေမည်ဆိုပါက အထူးသဖြင့် ရေမြုပ်နေပြီးဖြစ်သော နေရာများတွင် အသက်အန္တရာယ်ပိုမိုကျရောက်စေနိုင်သည့် ရေကြီးမှုများဖြစ်လာနိုင်သည်ဟု အုပ်ချုပ်ရေးမှူးက သတိပေးထားသည်။
Ref: အေပီ
