ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ် ၊ ခြောက်လမ်းသွားကားလမ်းမပေါ်၌ အောက်တိုဘာ (၆) ရက် ညနေ (၃) နာရီက အငှားယာဥ်မောင်းတယောက်ကို သ-တ်ကာလုယက်သွားသူ (၃)ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။
လုယက်သူများမှာ အငှားယာဥ်မောင်းကို ညပိုင်း၌ သ-တ်ခဲ့ပြီး သန်လျင်မြို့ (၆)လမ်းသွား ကားလမ်းမတနေရာတွင် စွ န့်ပစ်ထားကာ ကားကိုယူသွားခြင်းဖြစ်ကြောင်း ဆို သည်။
လက်ရှိတွင် လုယက်သည်ဟု ယူဆရသူ (၃) ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားကာ စစ်ဆေးမှုများလုပ်ဆောင်နေ သည်ဟု တိုက်ကြေကား Page ၏ ဖော်ပြထားချက်အရ သိရသည်။
လူယက်ခံရမှုကြောင့် အသက်ဆုံးရှုံးသူမှာ သာကေတ မြို့န ယ်၊ အမှတ် (၃) ရပ် ကွက်၊ ရန်ပြေ (၁၈)လမ်း အနောက်တွင်နေထိုင်သည့် အသက် (၅၈) နှစ်အရွယ် ဦးစံသိန်းဆိုသူဖြစ်ပြီး အောက်တိုဘာ(၅) ရက် ညပိုင်းမှာ အမျိုးသား(၃) ယော က်က လုယက်သ-တ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် တက္ကစီသမားများထံမှ ကားလုယူကာ တစစီဖြုတ်ပြီး ရောင်းစားသူ များရှိသလို Without (လိုင်စင်မဲ့ယာဥ်)အနေဖြင့် ပြန်လည်ရောင်းချသူများလည်း ရှိကြောင်းသိရသည်။
