ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်ကြီးပြော
ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။
ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ကလေးသူငယ်တရားရုံးများမှ ပေးပို့သော အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင် ကပြောသည်။
ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုပြင် တစ်ဦးချင်း၏ နောက်ခံအခြေအနေအပေါ် အခြေခံပြီး လူမှုဝန်ထမ်းနည်းလမ်းများဖြင့် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်နှင့် မိသားစု၊ ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။
