Saturday, May 24, 2025

မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လေ့လာရေးခရီးရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က နန်နင်းမြို့၊...

ရန်ကုန်မြို့ရှိ စိုက်ပျိုးမွေးမြူရေးအထူးဇုန်များ၌ လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်ဖိတ်ခေါ်ရမည်

ရန်ကုန်မြို့ရှိ စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်းများ၌ လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်ဖိတ်ခေါ်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ မေ ၂၂ ရက်နံနက်ပိုင်းက ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းများကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့်...

ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များအထမြောက်စေရေးဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်များအထမြောက်စေရေးအတွက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၃ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊...

YBS ကားများပေါ်တွင်အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ(၅)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့၍ခါးပိုက်နှိုက်မှုကျူးလွန်သူ(၅)ဦးကို ရဲတပ်ဖွဲ့ဝင်များမှ မေ ၂၁ ရက်ညနေပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၁၉ ရက်နံနက်...
HomeNewsLocal Newsညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၌ အကြမ်း ဖက်လုပ်ငန်းများပြုလုပ်ရန်စီစဥ်နေသည့်...

ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၌ အကြမ်း ဖက်လုပ်ငန်းများပြုလုပ်ရန်စီစဥ်နေသည့် PDF အဖွဲ့ဝင် ၈ ဦး၊ရုပ်အလောင်း ၆ လောင်းတို့အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ ၌ အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရန်စီစဥ်နေသည့် PDF အဖွဲ့ဝင် ၈ ဦး၊ရုပ်အလောင်း ၆ လောင်းတို့အား လက်နက်/ခဲယမ်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် အင်းလေးဒေသ၌ အ ကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန်စီစဉ်နေသည့် PDF အဖွဲ့များအားကူညီပေးနေသူ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာ၊အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥုးဇဝန (ခ)စိုးသန်းဝင်းအား ဒီဇင်ဘာ ၂၇ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဒီဇင်ဘာ ၂၉ ရက်နေ့လည်ပိုင်းတွင် PDF အဖွဲ့များအား ကူညီပေးနေသည့် သန်းဇော်ဌေး(ခ)သားငယ် ညနေပိုင်းတွင် ရှမ်းပြည် နယ်(တောင်ပိုင်း) PDF အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့်အိုက်ရွန် တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းတွင် PDF အဖွဲ့များထံ လုံခြုံရေးအဖွဲ့ဝင်များ၏သတင်းများအား ပေးပို့ခဲ့သူ တင်တင်ညို(ခ)မလေး၊ငွေကြေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီပေးနေသူ မင်းမင်းဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ဇန်နဝါရီ ၃ ရက်နေ့လည်ပိုင်း၌ PDF အဖွဲ့ဝင်များခိုအောင်းနေသည့် ညောင်ရွှေမြို့နယ်၊လုံကန်ကျေးရွာ၊တောင်တိုကျေးရွာ၊တောင်ခြားပြင်ကျေးရွာတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား တောင်ခြားပြင်ကျေးရွာအနီးတွင် PDF အဖွဲ့ဝင် ၂၀ ဦးခန့်က သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်။

လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရာ PDF အဖွဲ့ဝင်များသည် အနောက်ဘက်သို့ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်၌ PDF အဖွဲ့ခေါင်းဆောင် ဖိုးခွား(ခ)အင်းဖိုးခွား အပါအဝင် ၅ ဦး၏ ရုပ်အလောင်းများအား လက်နက်/ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၄ ရက်တွင်လည်း ညောင်ရွှေမြို့ နယ်၊ကံရွာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များဖြစ်သည့် ဇော်မျိုးအောင်၊ဇွဲညီထွန်းနှင့်ကတုံးတို့ ၃ ဦးအား သေဆုံးလျက်ထပ်မံတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်မှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦး၊အမျိုး သမီး ၁ ဦး၊ရုပ်အလောင်း ၆ လောင်းနှင့်လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ် ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone ၁ စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ၎င်းတို့ကျူးလွန်ခဲ့သည့် ဖောက်ခွဲတိုက် ခိုက်ပစ်ခတ်သတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုများပြုလုပ်ရန်စီစဥ်ထားမှုတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လေ့လာရေးခရီးရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က နန်နင်းမြို့၊ ဒု-မြို့တော်ဝန် H.E. Mr. Guo Wei နှင့်တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နန်နင်းမြို့၊...

ရန်ကုန်မြို့ရှိ စိုက်ပျိုးမွေးမြူရေးအထူးဇုန်များ၌ လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်ဖိတ်ခေါ်ရမည်

ရန်ကုန်မြို့ရှိ စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်းများ၌ လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်ဖိတ်ခေါ်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ မေ ၂၂ ရက်နံနက်ပိုင်းက ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းများကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် မွေးမြူရေးဇုန်များ၊ စိုက်ပျိုးရေးဇုန်များအလိုက် လုပ်ငန်းများအောင်မြင်မှုများရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ပြောသည်။ ထို့ပြင် ဒေသတွင်းစားရေဖူလုံမှုကို ဆောင်ရွက်ပေးနိုင်ရုံသာမက တိုင်းဒေသကြီးအတွင်း ပိုလျှံသောသား၊ ငါးများကို ခေတ်မီအေးခဲစနစ်ဖြင့်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ပို့ဆောင်နိုင်ရေးအထိ စီမံရန်နှင့် လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်ဖိတ်ခေါ်ရန်လည်း ပြောသည်။ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်သည် မြေဧက(၉၁၀၆ ဒသမ ၄၇ ဧက)ရှိသည့်အနက်စိုက်ပျိုးရေးမြေဧကမှာ(၇၄၅၈ ဒသမ ၅၇ ဧက)ဖြစ်ပြီး စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေး...

ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များအထမြောက်စေရေးဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်များအထမြောက်စေရေးအတွက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၃ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို အမြန်ဆုံးပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူပြီးသည့်အတွက် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု နစကဥက္ကဌက ထည့်သွင်းပြောကြားသည်။ ထို့ပြင် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေးအတွက် ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေးကိုဆောင်ရွက်လျက်ရှိကာ ယင်း Electronic Voting Machine ဖြင့်မဲပေးခြင်းသည် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်သည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071