Saturday, August 2, 2025

ဝစ်‌ကော့ဖ် ရုရှားသို့ သွားမည်

အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်‌ကော့ဖ်သည် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အထူးသံတမန်၏ နိုင်ငံခြားခရီးစဉ်များအကြောင်း မေးမြန်းသောအခါ “သူအစ္စရေးကို...

ဥရောပသမဂ္ဂ နှင့် အခြားနိုင်ငံပေါင်း ၆၀...

ဥရောပသမဂ္ဂ (EU) နှင့် အခြားနိုင်ငံပေါင်း ၆၀ ကျော်အပေါ် ၁၅ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံရန် အမှုဆောင်အမိန့်ကိုသမ္မတ ဒေါ်နယ်ထရမ့်...

ဦးပိန်တံတားပေါ်ကြံ့ခိုင်မှုအတွက် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြုထား

ငလျင်ဒဏ်ထိခဲ့သည့် ဦးပိန်တံ‌တားပေါ်ကို ကြံ့ခိုင်မှုအတွက် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြုထားကြောင်း တံတားထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ တံတားအရှေ့ဘက်ခြမ်းရှိ အဝင်မုခ်ဦးမှ ပေ(၁၀၀)လောက်အထိ တက်ရောက်ခွင့်ပြုထားပြီး၊ အနောက်ဘက်ခြမ်းအတွက်၊ ဒုတိယမြောက်ဇရပ်ရဲ့အလွန် သံဆူးကြိုးကာရံထားသည့်နေရာအထိ၊...

ဘားအံမှာ ရေမကျသေး၊ လူတစ်သောင်းကျော် ရေဘေးသင့်နေ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ယနေ့ (ဩဂုတ် ၁)ရက်အထိ ရေဆက်လက်တက်နေဆဲ ဖြစ်သည်။ ရေကြီးမှုကြောင့် လူ ၁ သောင်းကျော် ဘေးလွတ်ရာ၌ ရေဘေးရှောင်နေရဆဲ ဖြစ်သည်။ မိုးဇလ၏...
HomeNewsLocal Newsဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့်...

ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူကို ယမန်နေ့ ညပိုင်းက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းထွက်ပြေးတိမ်းရှောင်သူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယမန်နေ့ ည၉နာရီအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့အနီး ဖမ်းဆီးရမိကာ ထိန်းသိမ်းထားရှိသည်ဟု ဆိုသည်။

“ ထုံးအိုင်နယ်မြေရဲစခန်းကို လွဲပေးမယ်လို့ ကြားတယ်။ ထုံးအိုင်နယ်မြေ ရဲစခန်းကလည်း ပုဒ်မ ၃၀၂ နဲ့ အမှု ဖွင့်ထားပါတယ်။” ဟုဆိုသည်။

ဖမ်းဆီးရမိသူမှာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ၊ နွားခြံကုန်းကျေးရွာနေ ဒယ်ကလစ်ဆိုသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မတ် ၃၀ ရက်၌ သေဆုံးသူ တက္ကသိုလ်ကျောင်းသူ မဇာခြည်လှိုင်မှာ ဇွဲကပင်တောင်ပေါ်သို့ တက်ရာမှ ပြန်ဆင်းလာခြင်းမရှိဘဲ နှစ်ရက်နီးပါးကြာ
ပျောက်ဆုံးနေရာမှ ဧပြီ ၁ ရက် နံနက် ၈နာရီခွဲ အချိန်ခန့်တွင် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝစ်‌ကော့ဖ် ရုရှားသို့ သွားမည်

အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်‌ကော့ဖ်သည် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အထူးသံတမန်၏ နိုင်ငံခြားခရီးစဉ်များအကြောင်း မေးမြန်းသောအခါ “သူအစ္စရေးကို သွားမယ်၊ ပြီးရင် ရုရှားကို ဆက်သွားမယ်၊ ယုံချင်ယုံ မယုံချင်‌နေ” ဟု ထရမ့်ကပြန်လည်ဖြေကြားခဲ့သည်။ ခရီးစဉ်၏ အချိန်ကာလကိုမူ သူက ပြောကြားခဲ့ခြင်းမရှိပေ။ ဝစ်ကော့ဖ်သည် သြဂုတ်လ ၁ ရက်နေ့တွင် အစ္စရေးနှင့် ဂါဇာကမ်းမြှောင်သို့ သွားရောက်ရန် ရှိနေသည်။ အမေရိကန်သမ္မတ၏ အထူးသံတမန်သည် ယခင်ကလည်း ရုရှားသို့ အကြိမ်များစွာ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ...

ဥရောပသမဂ္ဂ နှင့် အခြားနိုင်ငံပေါင်း ၆၀ ကျော်အပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အမှုဆောင်အမိန့် ထရမ့်လက်မှတ်ရေးထိုး

ဥရောပသမဂ္ဂ (EU) နှင့် အခြားနိုင်ငံပေါင်း ၆၀ ကျော်အပေါ် ၁၅ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံရန် အမှုဆောင်အမိန့်ကိုသမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ အဆိုပါ စာရွက်စာတမ်းကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အခွန်တိုးမြှင့်ကောက်ခံမှုသည် သြဂုတ်လ ၇ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည် ဖြစ်သည်။ အမြင့်ဆုံးအခွန်နှုန်းထားများမှာ ၃၅ ရာခိုင်နှုန်း (အီရတ်၊ ဆားဘီးယား)၊ ၃၉ ရာခိုင်နှုန်း (ဆွစ်ဇာလန်)၊ ၄၀ ရာခိုင်နှုန်း (လာအို၊ မြန်မာ) နှင့် ၄၁ ရာခိုင်နှုန်း (ဆီးရီးယား)...

ဦးပိန်တံတားပေါ်ကြံ့ခိုင်မှုအတွက် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြုထား

ငလျင်ဒဏ်ထိခဲ့သည့် ဦးပိန်တံ‌တားပေါ်ကို ကြံ့ခိုင်မှုအတွက် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြုထားကြောင်း တံတားထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ တံတားအရှေ့ဘက်ခြမ်းရှိ အဝင်မုခ်ဦးမှ ပေ(၁၀၀)လောက်အထိ တက်ရောက်ခွင့်ပြုထားပြီး၊ အနောက်ဘက်ခြမ်းအတွက်၊ ဒုတိယမြောက်ဇရပ်ရဲ့အလွန် သံဆူးကြိုးကာရံထားသည့်နေရာအထိ၊ တက်ရောက် ခွင့်ပြုထားကြောင်း သိရသည်။ “သတ်မှတ်ထားတဲ့နေရာအထိတော့ခွင့်ပြုထားတယ်၊ အဲဒီထက်တော့ကျော်လို့မရဘူး” ဟု တံတားထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မန္တလေးငလျင်ကြီးကြောင့်၊ ဦးပိန်တံတား၏ အလယ်ကျွန်းတွင်ရှိသည့် တံတားအုတ်လက်ရန်းများ ထိခို-က်ပျ-က်စီးမှုရှိခဲ့သလို၊ တံတားအောက်ခြေတိုင်အချို့နှင့် တံတားအလယ်ရှိအုတ်ဇရပ် အောက်ခြေအက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဦးပိန်တံတားသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်းတံတားကြမ်းခင်းအချို့ကျိုးကျမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ရှေးဟောင်းသမိုင်းဝင်ကမ္ဘာကျော်ဦးပိန်တံတားကို၊ ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်၊ ၁၈၄၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071