Saturday, June 13, 2026

နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို...

နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်က နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ တစ်ရက်တည်း/တစ်ချိန်တည်းစိုက်ပျိုးခဲ့ကြကြောင်း...

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...
HomeNewsLocal Newsဇွဲကပင်တောင်တက်လမ်းပေါ်မှ ခြေချော်ပြုတ်ကျသွားသည့်ကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

ဇွဲကပင်တောင်တက်လမ်းပေါ်မှ ခြေချော်ပြုတ်ကျသွားသည့်ကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်တက်လမ်းပေါ်မှ မတ် ၄ ရက်(ယနေ့)မွန်းတည့်ပိုင်းက အသက်(၁၃) နှစ်ရှိ ဘုရားဖူးကလေးငယ်တစ်ဦး ခြေချော်၍ ပြုတ်ကျသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)မှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က ဇွဲကပင်တောင်တက်လမ်းပေါ်မှ အိန္ဒုတံတားဦးကျေးရွာနေ မောင်ချစ်ကိုကို(၁၃)နှစ်သည် ခြေချော်၍အောင်သို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

“လုမ္မနီဥယျာဉ်-အနောက်ဘက်ခြမ်းက တောင်တက်လမ်းပေါ်ကနေပြုတ်ကျသွားတာပါ သတင်းရရခြင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)နဲ့မေတ္တာစေတနာလူမှုကူညီရေးအသင်းဝင်တွေ စုပေါင်းပြီးလိုက်ရှာခဲ့ကြပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ခြေချော်ပြုတ်ကျသွားသည့် မောင်ချစ်ကိုကိုအား နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်တွင် အထက်ရေတံခွန်အကျော်၌ ပြန်လည်တွေ့ရှိကာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“အသက်အန္တရာယ်တော့မရှိပါဘူး ပွန်းပဲ့ဒဏ်ရာတွေလောက်ပဲရသွားတာပါ တွေ့တဲ့နေရာမှာပဲ မြေ ပြင်ကုသမှုတွေလုပ်ပေးပြီး တောင်အောက်ကိုပြန်သယ်လာခဲ့ပေးပါတယ် ကယ်ဆယ်ရေးလုပ်ငန်းက မွန်းလွဲ ၂ နာရီလောက်မှာအလုံးစုံပြီးသွားပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ နိုင်ငံတော်သမ္မတက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုး

နိုင်ငံတော်အဆင့် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်က နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ တစ်ရက်တည်း/တစ်ချိန်တည်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ နေပြည်တော်၌ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက် ၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သစ် ပင်စိုက်ပျိုးပွဲတော်(၇၅)ပွဲတွင် အပင်ပေါင်း (၅၄,၈၁၀)ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071