ယနေ့ မေ (၂၅)ရက်မှစ၍ ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများ အပါအဝင် ရေကြောင်း၊ လေကြောင်းခရီးစဉ်များ သတိပြုရန် မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)က အသိပေးနှိုးဆော်ထားသည်။
မိုး/ဇလ၏ အသိပေးချက်တွင် မိုးရွာသွန်းခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းနှင့်အတူအဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်း စသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။
ထို့ပြင် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှု အန္တရာယ်ကိုလည်း ကောင်း၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်၊ မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းအန္တရာယ်နှင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုအန္တရာယ်တို့ကိုလည်းကောင်း ကြိုတင်သတိပြုနိုင်ရန် အသိပေးထားသည်။
အလားတူ စိုက်ပျိုးမွေးမြူတောင်သူများ အပါအဝင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ပြည်တွင်းရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ စက်လှေများ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ထားသည်။