Monday, January 20, 2025

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂...

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...
HomeNewsLocal Newsဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်...

ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် (၆၂၇၂၅ )တန် တင်ပို့ထားပြီး မေလထက်ပိုမိုတင်ပို့နိုင်ခဲ့

ပြီးခဲ့သည့် ဇွန်လတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ၆၂၇၂၅ တန် တင်ပို့ထားပြီး မေလထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို နယ်စပ်လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းမှ တဆင့်တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ဇွန်လတွင် ပြည်ပကို ဆန်တင်ပို့ခဲ့သည့် ကုမ္ပဏီပေါင်း (၃၀) ခုရှိပြီး တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ၅၈၀၀၁ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၄၇၂၄ မက် ထရစ်တန် တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပတင်ပို့မှု ပမာဏတွင် ဆန် မက်ထရစ်တန်ချိန် ၂၇၅၆၉ တန်နှင့် ဆန်ကွဲ ၃၅၁၅၆ မက်ထရစ်တန် တင်ပို့ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံအလိုက် ဆန်တင်ပို့မှုအနေဖြင့် တူရကီနိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၃၆၀ တန်၊ စပိန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃၁၂၅ တန်၊ ဘူဂေးရီးယားနိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၅၉၃ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၅၆၂ ၅ တန်၊ ဂျာမနီနိုင်ငံသို့ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၇၃၅ တန် အပါအဝင် အခြားနိုင်ငံပေါင်း ၁၇ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၁၁၃၁ တန်တင်ပို့ထားကြောင်း သိရသည်။

ထို့ပြင် ဆန်ကွဲတင်ပို့မှုတွင် ဘယ်လ်ဂျီယံနိုင်ငံသို့ မက် ထရစ်တန်ချိန် ၁၄၇၀၀ တန်၊နယ်သာလန်နိုင်ငံသို့ မက်ထရစ် ‌တန်ချိန် ၈၅၀၀ တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၇၃၄၄ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၄၉၅ တန်၊ အပါအဝင် အခြားနိုင်ငံ ၇ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃၁၁၇ တန်တင်ပို့ထားကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း Online လိ-မ်လ-ည်မှုလုပ်ငန်းများတွင် မတရားခို-င်းစေခြင်းခံရသူ ၁၂၉၂ ဦးကို ရှာဖွေလွှဲပြောင်းပေးနိုင်ခဲ့

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌ ခို-င်းစေခြင်းခံခဲ့ရသည့် နိုင်ငံခြားသား(၁၂၉၂)ဦးကို ရှာဖွေကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နှိမ်နှင်းနေမှုနှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီ ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂ နှစ်ကျော်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများသည် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်သကဲ့သို့ မြန်မာနိုင်ငံသားများကလည်း တရုတ်နိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားပြီး...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071