Monday, May 11, 2026

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို...

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်...

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန်...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...
HomeNewsLocal Newsဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်...

ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် (၆၂၇၂၅ )တန် တင်ပို့ထားပြီး မေလထက်ပိုမိုတင်ပို့နိုင်ခဲ့

ပြီးခဲ့သည့် ဇွန်လတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ၆၂၇၂၅ တန် တင်ပို့ထားပြီး မေလထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို နယ်စပ်လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းမှ တဆင့်တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ဇွန်လတွင် ပြည်ပကို ဆန်တင်ပို့ခဲ့သည့် ကုမ္ပဏီပေါင်း (၃၀) ခုရှိပြီး တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ၅၈၀၀၁ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၄၇၂၄ မက် ထရစ်တန် တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပတင်ပို့မှု ပမာဏတွင် ဆန် မက်ထရစ်တန်ချိန် ၂၇၅၆၉ တန်နှင့် ဆန်ကွဲ ၃၅၁၅၆ မက်ထရစ်တန် တင်ပို့ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံအလိုက် ဆန်တင်ပို့မှုအနေဖြင့် တူရကီနိုင်ငံသို့ မက်ထရစ်တန်ချိန် ၄၃၆၀ တန်၊ စပိန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃၁၂၅ တန်၊ ဘူဂေးရီးယားနိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၅၉၃ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၅၆၂ ၅ တန်၊ ဂျာမနီနိုင်ငံသို့ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၇၃၅ တန် အပါအဝင် အခြားနိုင်ငံပေါင်း ၁၇ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၁၁၃၁ တန်တင်ပို့ထားကြောင်း သိရသည်။

ထို့ပြင် ဆန်ကွဲတင်ပို့မှုတွင် ဘယ်လ်ဂျီယံနိုင်ငံသို့ မက် ထရစ်တန်ချိန် ၁၄၇၀၀ တန်၊နယ်သာလန်နိုင်ငံသို့ မက်ထရစ် ‌တန်ချိန် ၈၅၀၀ တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၇၃၄၄ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၄၉၅ တန်၊ အပါအဝင် အခြားနိုင်ငံ ၇ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃၁၁၇ တန်တင်ပို့ထားကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်၊ အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်ကို ပြင်ဆင်အတည်ပြုအာဆီယံ၏ (၁၁) ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် တီမောလက်စတီး နိုင်ငံ (အရှေ့တီမော) သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ၄ နှစ်အကြာ ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြသည်။ အမှတ်တံဆိပ် ပြင်ဆင်ခြင်းတီမောလက်စတီး နိုင်ငံ က အဖွဲ့ဝင်ဖြစ်လာမှုကို ထင်ဟပ် ဖေါ်ပြနိုင်စေရန် အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်  တို့ကို အသစ်ပြင်ဆင် သတ်မှတ်ခဲ့သည်။ ပံ့ပိုးကူညီမှုတီမောလက်စတီး အနေဖြင့် ဒေသတွင်း သဘောတူညီချက်များတွင် အပြည့်အဝ ပါဝင်လာနိုင်ရေးနှင့် အဖွဲ့ဝင်အဖြစ် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို အာဆီယံနိုင်ငံများက ဆက်လက်ပံ့ပိုးကူညီသွားရန် အတည်ပြုခဲ့ကြသည်။ လက်ရှိ အာဆီယံမူဘောင်အတွင်း အခြေအနေယခု (၄၈)...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များသည် ဒီမိုကရေစီနည်းလမ်းတကျ ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများ၏ သဘောထားကို လျစ်လျူရှုရာရောက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် သဘောထားထုတ်ပြန်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမှုအဆိုပါ အပြုသဘောမဆောင်သည့် လုပ်ရပ်များကို အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် ပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို စော်ကားရာရောက်သည်။ ပြည်တွင်းရေး စွက်ဖက်မှုအာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသည် အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းနှင့်...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်နေရာကွက်၍မိုးကြီးနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ဒေသအလိုက်မိုးကြီးနိုင်သည်ဟု မိုးဇလကသတိပေးခဲ့သည်။ ထို့အတူ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိသည်ဟု အသိပေးခဲ့သည်။ ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071