Tuesday, June 10, 2025

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက...

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...
HomeNewsLocal Newsဇူလိုင် (၂၂)ရက်မှစတင်၍ အငှားယာဉ်များအားလုံး...

ဇူလိုင် (၂၂)ရက်မှစတင်၍ အငှားယာဉ်များအားလုံး သက်တမ်းတိုးရာတွင် ယာဉ်များ ပြန်လည် စစ်ဆေးရမည်

လာမည့် ဇူလိုင်လ (၂၂) ရက်မှ စတင်ကာ အငှားယာဉ်များ၊ ကျောင်းကားများ၊ (၂)တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုးရာတွင် ယာဉ်များ ပြန်လည် စစ်ဆေးရမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Road Safety ဖြစ်စေရန် အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ ယာဉ်မှန်/ မမှန် စစ်ဆေးခြင်းပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်သည့် ယာဉ်များကို ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲ သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇူလိုင် (၂၂)ရက်မှ စတင်၍ အငှားယာဉ်များ၊ ကျောင်းကားများ၊ (၂)တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုးရာတွင် ယာဉ်များ ပြန်လည် စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေး တောင်ပိုင်း) (မန္တလေး မြောက်ပိုင်း) ရုံးများမှအပ ကျန်ရုံးများ အားလုံးတွင် ယာဉ်ပြန်လည် စစ်ဆေးရမည့် ယာဉ်များအနက် သက်တမ်းတိုးယာဉ်များအတွက် ခရီးလွန်ယာဉ်စစ်ဆေးခွင့်ပြုသွားမည် ဖြစ်သည်။

လွိုင်ကော်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများတွင် အခြားရုံးများမှ ယာဉ်များအား ခရီးလွန်ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများ၏ မှတ်ပုံတင်ယာဉ်များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခွင့် မပြုထားကြောင်း သိရသည်။

ထို့ပြင် ကိုယ်ပိုင် လူစီးမော်တော်ယာဉ်များ၊ ၂ တန်အောက် လုပ်ငန်းသုံးယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များအားလုံးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက် အထိ ယာဉ်စစ်ဆေးခြင်း မပြုဘဲ မှတ်တမ်းနှင့် တိုက်ဆိုင်စိစစ်၍ ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ဆက်လက် သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များ နယ်ဝင်/ နယ်ထွက် မှတ်ပုံတင်ခြင်းများကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ပထမဆုံးအကြိမ်အဖြစ် လျှော့ချလိုက်ခြင်းဖြစ်သည်ဟု တနင်္လာနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားခဲ့ ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများကဗီဇာသက်တမ်းကိုအပြန်အလှန်လျှော့ချ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက...

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့် ဖုန်းခေါ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် မတ်စ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ်တမ်း မစဉ်းစားရသေးပါဘူး။ သူကတော့ ကျွန်တော်နဲ့ စကားပြောချင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ “သူ ဖုန်းခေါ်ထားပြီးပြီလားမသိဘူး။ သူဖုန်းခေါ်ထားပြီးပြီလားဆိုတာကို သူ့ကိုပဲ မေးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပြဿနာမရှိပါဘူး” လို့လဲ ထရမ့်မ်က ထပ်ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ဖုန်းခေါ်ဆိုမှုကို...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။ ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။ ကာဒီနာလေတပ်စခန်း၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071