ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးအနေနဲ့ ရုရှားမြို့တော်ကို တို-က်ခို-က်ဖို့ အမိန့်မပေးသင့်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ “မဟုတ်ဘူး၊ သူမော်စကိုကို ပစ်မှတ်မထားသင့်ဘူး” လို့ အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရင်း သူက ပြောခဲ့တာပါ။
အိမ်ဖြူတော် သတင်းစာရှင်းလင်းရေး အတွင်းရေးမှူး ကာရိုလင်း လီဗစ်က အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားခဲ့တာကတော့ ထရမ့်ဟာ Financial Times သတင်းမှာ ဖော်ပြထားတာနဲ့ မတူဘဲ ယူကရိန်းကို ရုရှားနယ်မြေအတွင်းပိုင်းအထိ၊ မော်စကိုအပါအဝင် ထပ်မံတို-က်ခို-က်ဖို့ ဗလာဒီမာ ဇီလန်စကီးကို အားမပေးခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
“သမ္မတ ထရမ့်ဟာ မေးခွန်းတစ်ခုပဲ မေးခဲ့တာဖြစ်ပြီး ထပ်မံသ-တ်ဖြ-တ်ဖို့ အားမပေးခဲ့ပါဘူး။ သူဟာ သ-တ်ဖြ-တ်မှုတွေကို ရပ်တန့်ဖို့နဲ့ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ မမောမပန်း ကြိုးစားနေပါတယ်” လို့လဲ သူမကပြောကြားခဲ့ပါတယ်။
Financial Times သတင်းအရ၊ ထရမ့်ဟာ ဇူလိုင် ၄ ရက်နေ့က ဇီလန်စကီးနဲ့ စကားပြောဆိုရာမှာ ယူကရိန်းကို ထပ်ဆောင်း ATACMS ဒုံးကျည်တွေ ပေးပို့နိုင်ခြေကို ဆွေးနွေးခဲ့ပြီး ရုရှားနယ်မြေအတွင်းပိုင်းအထိ ပိုမိုတိုက်ခိုက်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဟာ ကိယက်ဗ်ကို တာဝေးပစ်လက်နက်တွေ ပံ့ပိုးပေးရင် မော်စကိုကို တို-က်ခို-က်နိုင်ခြေရှိမရှိ ဇီလန်စကီးကို မေးမြန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက သတင်းစာကို အတည်ပြုခဲ့ပြီး ဒါဟာ အခြားသတင်းတွေနဲ့လည်း ကိုက်ညီခဲ့ပါတယ်။ ထရမ့်ဟာ ဒီအကြံကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ သတင်းစာက ပြောကြားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေက စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ရုရှားရောက်လာအောင် တွန်းအားပေးလိမ့်မယ်လို့ ထရမ့်က မျှော်လင့်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ အစီရင်ခံစာအရ၊ ထရမ့်ဟာ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပေးပို့ဦးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
