Tuesday, May 26, 2026

နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင်...

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း သားအိမ်ခေါင်းကင်ဆာရောဂါအကြိုစစ်ဆေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေး‌နေကြောင်း သိရသည်၊ အထူးကုဆရာဝန်(သားဖွားမီးယပ်) နှင့်...

ရာသီပေါ်အင်ဥများ စျေးကောင်းရနေ

စျေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ စျေးကောင်းရနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရှိရသည်။ ရာသီပေါ်အင်ဥများဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိရှိနေပြီး ဈေးနှုန်းမြင့် မားမှုကြောင့် ရောင်းချသည့်ဈေးသည်လည်း နည်းပါးလျက်ရှိကြောင်း...

သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားသည့် Fertility...

ရန်ကုန်တိုင်း ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ Fertility Centre ကို သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားပြီး မေလ ၂၅...

ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး...

ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းလမ်းညွှန်သဖွယ် လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဥပဒေရေးရာ  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး...
HomeNewsLocal Newsဇာတ်သဘင်တို့၏ တနှစ်တာအထွဋ်အထိပ် ပဲခူးရွှေမော်ဓေါဘုရားပွဲအား...

ဇာတ်သဘင်တို့၏ တနှစ်တာအထွဋ်အထိပ် ပဲခူးရွှေမော်ဓေါဘုရားပွဲအား ပရိတ်သတ်တို့ ရင်ခုန်နေ

ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲတော်ကို ယခုနှစ်၂၀၂၆ တွင် မတ်လ ၂၇ ရက်နေ့မှ ဧပြီ ၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။

ဘုရားပွဲတွင်ကပြမည့် ဇာတ်သဘင်များတွင် စမ်းရေမိုးနှင့် အောင်ဇဗ္ဗူ ဇာတ်များလည်း ပါဝင်မည်ဖြစ်ရာ ပဲခူးပရိတ်သတ်က ရင်ခုန်စွာ စောင့်စားလျှက်ရှိနေကြသည်။

ပဲခူးပွဲမဝင်နိုင်လျှင် ဇာတ်ကြီးမဖြစ်ဘူးဟုဆိုရိုးရှိခဲ့ဖူးသည်။ နောက်ပိုင်းလေလံဈေးများလာကြသည့်အခါမဝင်နိုင်ကြသည်များလည်း ရှိသည်။

တနှစ်ပတ်လုံး ပွဲရာသီကို ပဲခူးတွင် သိမ်းလေ့ရှိကြသဖြင့် အပြိုင်အဆိုင် ကကြသည့် ပွဲလည်းဖြစ်သကဲ့သို့ ကန်ထရို-က်များကလည်းစာချုပ်လာချုပ်ကြ၊ လူလုကြ၊ နှိုက်ကြ၊ လူပြောင်းကြလေ့ရှိပြီး ဇာတ်သမားများစာချုပ်သစ်ချုပ်ကြ၊ အသုံးကြိုထုတ်ကြဖြင့် မိုးရာသီဇာတ်ခေါင်းကွဲကြလေသည်။

ပဲခူးသည်ဆေးလိပ်ခုံများဖြင့်စည်ကားခဲ့ချိန်က ဆေးလိပ်သမများအားပေးမှု၊ နီးစပ်ရာရွာများမှလှည်းဝိုင်းကြီးများနှင့်လာပြီး ဇာတ်ရုံဘေးတွင်စတည်းချကြမှုများက ပဲခူးပွဲ ရာဇဝင်များထဲကဇာတ်လိုက်များပင်ဖြစ်ပေသည်။

ယခုနှစ်တွင်နာမည်ကြီးဇာတ်များဝင်နိုင်အောင် ခေါင်းခဲစွာအားထုတ်ရချိန်တွင် အောင်ဇဗ္ဗူနှင့် စမ်းရေမိုးအပြိုင်ဝင်မည့်သတင်းဖြစ်နေခြင်းက ပဲခူးဘုရားပွဲကို အတိတ်က စည်ကားခဲ့မှုဆီသို့ ပြန်ခေါ်နိုင်မည်လား စောင့်ကြည့်ကြရမည်။

ရွှေမန်းတင်မောင်ခေတ်က ဘောလုံးအသင်းထောင်ပြီးဒေသခံအသင်းများနှင့်မိတ်ဆက်ကန်လေ့ရှိသည်ကလည်း အမှတ်ရစရာပင်။ ရွှေမန်းတင်မောင်၊ ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ချမ်းသာတို့ ‌ပဲခူးပွဲတွင်ဘောလုံးကန်ခဲ့ကြသေးသည်။ ရွှေမန်းသဘင်တွင် အကယ်ဒမီညွန့်ဝင်းကိုယ်တိုင်အားဖြည့် ကပြပြီး ပြဇာတ်အသစ်များတင်ဆက်လေ့ရှိခဲ့သည်။

မိုးကြိုးဌက်ငယ် အဖွဲ့ဆိုလျှင်နေ့ပွဲညပွဲကဖူးသကဲ့သို့မျက်လှည့်အဖွဲ့များလည်းဝင်လေ့ရှိပြီးရန်ကုန်မှအနုပညာရှင်များပါသွားရောက်အားပေးလေ့ရှိသည်။

ဇာတ်အဖွဲ့များလည်းရုံကူး ကပြကြခြင်း၊ စုပေါင်းရန်ပုံငွေပွဲလည်းအတူကကြခြင်းဖြင့် သဘင့် စည်းလုံးညီညွှတ်မှု မင်္ဂလာတရားကို ပရိသတ်ကိုပါ ခံစားရစေခဲ့သည်။

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲဈေးသည်စည်ကားပျော်ရွှင်စရာကောင်းသလို သတိထားစရာများလည်းရှိသည်။ ၂၀ဝ၄ ခုနှစ်က ဘုရားပွဲစျေးအတွင်း လူ ၂၉ ဦး ခွေးရူးအကိုက်ခံရဖူးသည်ကလည်း သတိထားဖွယ်ပင်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းဆောင်ရွက်ပေးနေ

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း သားအိမ်ခေါင်းကင်ဆာရောဂါအကြိုစစ်ဆေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေး‌နေကြောင်း သိရသည်၊ အထူးကုဆရာဝန်(သားဖွားမီးယပ်) နှင့် ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် သောကြာနေ့တိုင်း အသက် (၂၅) နှစ်မှ (၄၉) နှစ်အတွင်းရှိ အမျိုးသမီးများကို စစ်ဆေးဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ သားအိမ်ခေါင်းကင်ဆာသည် စောစီးစွာ စစ်ဆေးတွေ့ရှိပါက ရာနှုန်းပြည့်နီးပါး ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါဖြစ်ပြီး ယခုချိန်တွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသက်အရွယ်သတ်မှတ်ချက်အလိုက် HPV ကာကွယ်ဆေး (Human Papillomavirus Vaccine) ကို...

ရာသီပေါ်အင်ဥများ စျေးကောင်းရနေ

စျေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ စျေးကောင်းရနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရှိရသည်။ ရာသီပေါ်အင်ဥများဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိရှိနေပြီး ဈေးနှုန်းမြင့် မားမှုကြောင့် ရောင်းချသည့်ဈေးသည်လည်း နည်းပါးလျက်ရှိကြောင်း သိရသည်။ အင်ဥထွက်ရှိရာဒေသများ၏ နယ်မြေအခြေအနေနှင့်သယ်ယူရခက်ခဲမှု၊ စရိတ်မြင့်မားမှုများကြောင့် အင်ဥ ဈေးနှုန်းများမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အင်ဥဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ မှ ၁၃၀,၀၀၀ အထိရှိနေကြာင်း၊ အင်ဥများမှာ ကောလင်း၊ ဝန်းသို၊ ကသာ၊ ဗန်းမော် စသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များမှ ထွက်ရှိခြင်းဖြစ်သည်။ ယခုအခါ အဆိုပါဒေသများမှာ နယ်မြေအခြေအနေအရသွားလာရခက်ခဲမှုများကြောင့် ဈေးကွက်အတွင်းကုန်ပစ္စည်းတင်ပို့နိုင်မှုနည်းပါးနေခြင်းကြောင့်လည်း အင်ဥ ဈေးနှုန်းများ...

သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားသည့် Fertility centre တွင် လူနာပေါင်း (၅၄၀၀) ကျော်ကို လက်ခံကုသပေးနေ

ရန်ကုန်တိုင်း ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ Fertility Centre ကို သားသမီးရလိုသည့် ဇနီးမောင်နှံများအတွက် ဖွင့်လှစ်ထားပြီး မေလ ၂၅ ရက်အထိ လူနာပေါင်း (၅၄၀၀) ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ စင်တာတွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်း သို့ သုက်ပိုးထည့်ခြင်နည်းပညာများ စသည့် နည်းပညာများ အသုံးပြုပြီး အစိုးရရုံးဖွင့်ရက်အတိုင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ စင်တာကို ၂၀၂၂ ခုနှစ် စတင်ဖွင့်လှစ်ခဲ့ပြီ ၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုက်ပိုးထည့်ခြင်းနည်းပညာဖြင့် IUI ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071