Tuesday, June 24, 2025

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည်...

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း...
HomeCelebrities' Newsဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် ပရိသတ်တွေသူ့ကို...

ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် ပရိသတ်တွေသူ့ကို မှတ်မိသေးတဲ့အတွက်ပျော်ရွှင်နေသူကောင်းခန့်

ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့တာ ၅နှစ်လောက်ကြာပြီဖြစ်တဲ့သရုပ်ဆောင်ကောင်းခန့်က အနုပညာ မောင်နှမတွေနဲ့တွေ့တဲ့အခါ မှာတော့ အရင်ကအကြောင်းတွေကိုပြန်ပြီးသတိရဖြစ်တယ်လို့ပြောပါတယ်။ အနုပညာသမားတွေနဲ့ ဆုံ ဖြစ်တဲ့အခါနဲ့ သူပါဝင်ရိုက်ကူးထားတဲ့ဇာတ် ကားတွေပြန်ကြည့်ဖြစ်တဲ့ အခါမှာတော့ ဇာတ်ကားတွေပြန်လည်ရိုက်ကူးချင်တဲ့စိတ်တွေပေါ်မိတယ်လို့ဆိုပါတယ်။

”ကိုယ်ကလည်း အဲဒီအချိန် တုန်းက ရိုက်ကူးချင်တဲ့စိတ်တွေ ပျောက်သွားတာလည်းပါတယ်။ မ ရိုက်ကူးလိုက်နဲ့ ရိုက်ကူးဖြစ်တဲ့ အချိန်မှာလည်း ကျွန်တော်စီးပွားရေးဘက်ရောက်သွားတယ်။ ပြီးတော့ ခန္ဓာကိုယ်လည်း ဝလာတယ်။ ဝလာတော့ ရိုက်ကူးချင်တဲ့စိတ်ကပျောက်သွားပြန်ကောလေ။ အဲဒီလိုမျိုးတွေကြောင့် ရိုက်ဖို့အတွက်ကို မရိုက်ကူး ဖြစ်တော့တာပါ။ ရိုက်မယ်ဆိုရင် လည်း ကျွန်တော့်လက်ရှိဒီပုံစံနဲ့မှမ ဖြစ်တာကိုး။ သေချာကိုပြင်ဆင်မှုပိုင်း တွေလုပ်ရဦးမယ်။ အဓိကတော့ ခန္ဓာကိုယ်၊ အသားအရေ၊မျက်နှာ အကုန်လုံးကို ပြန်ပြင်ဆင်ပြီးတော့ လုပ်ရမှာပါ။ သရုပ်ဆောင် တစ်ယောက်လုပ်ရတာ လွယ်မှမလွယ်တာလေ။ ကိုယ့်ဘက်ကဏနမ်နခအဖြစ်မှ ပဲ ရိုက်ကူးဖို့ရှိပါတယ်” လို့ သူဇာတ် ကားတွေ မရိုက်ကူးဖြစ်ခြင်းအ ကြောင်း ကို ကောင်းခန့်က ပြောပါတယ်။ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ် တွေကတော့ လမ်းမှာတွေ့တိုင်းနှုတ် ဆက်ကြတဲ့ အတွက်သူ့အနေနဲ့ ကြည်နူး ပီတိဖြစ်မိပါတယ်လို့ဆိုပါတယ်။

”ဒီနေ့ ဒီအချိန်အထိကိုယ့်ကို မှတ်မိသေးတဲ့ ပရိသတ်တွေရှိတော့ဝမ်းသာတာပေါ့နော်။ မရိုက်ကူးဖြစ်တော့တဲ့အပေါ်မှာလည်း ပရိ သတ်တွေကို အားနာစိတ်ဖြစ်မိပါတယ်။ ဒါပေမဲ့ချန်နယ်တွေ ဘာတွေကနေကျွန်တော်ပါတဲ့ ဇာတ်ကားတွေ ပြန်ပြီးပြသကြတဲ့အတွက် သိပ်ပြီးတော့ မဟသွားဘူးပေါ့” လို့ သူက ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကောင်းခန့်က လက်ရှိအချိန်မှာတော့ စီးပွားရေးဘက်ကိုပဲ ဇောက်ချလုပ်ကိုင် ဖြစ်နေပြီး ဇနီးနဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည် အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်သည့် စစ်ရေးပြချီတက်ပွဲအတွင်း တပ်ဖွဲ့ဝင်များကို သမ္မတ ရှီကျင့်ဖျင်က စစ်ဆေးသွားမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သည့်ရှီသည်စစ်ရေးပြပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ စစ်ရေးပြချီတက်ပွဲတွင် စစ်သည်များ၊ သံချပ်ကာစစ်ကြောင်းချီတက်ခြင်း၊ လေကြောင်း စုဖွဲ့ပျံသန်းခြင်းနှင့် မောင်းသူမဲ့လေယာဉ်များ၊ ထောက်လှမ်းရေးကိရိယာများအပါအဝင် တို-က်ပွဲဝင်တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းအသစ်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ Ref: ရှင်းဟွာ

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင် အိန္ဒိယတွင် မှတ်ပုံတင်ထားသော သို့မဟုတ် အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက စီမံခန့်ခွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်များအားလုံး သည် ကန့်သတ်မှုတွင် အကျုံးဝင်သည်။ ကရာချိနှင့် လာဟိုးလေကြောင်းသတင်းအချက်အလက်ဒေသကြီးများပါ အကျုံးဝင် သက်ဆိုင်သော အဆိုပါ အကြံပြုချက်တွင် အိန္ဒိယလေယာဉ်များက ပါကစ္စတန်လေပိုင်နက်အတွင်း ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။ အသစ်ပြင်ဆင်လိုက်သည့် NOTAM သည် ဇူလိုင်လ...

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ ၁၂ နာရီကြာ အပ-စ်ရပ်ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းအချိန်ဇုန် နံနက် ၁၂ နာရီခန့်တွင် အီရန်၌ စတင်မည်ဖြစ်သည်။ ထို့နောက် ဒုတိယမြောက် ၁၂ နာရီ အပ-စ်ရပ်စဲမှုကို အစ္စရေးက လိုက်နာမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုသည်။ ၂၄ နာရီ အပ-စ်ရပ်ပြီးနောက်တွင် စစ်ပွဲအဆုံးသ-တ်ကြောင်း တရားဝင်ကြေညာလိမ့်မည်ဟု ထရမ့်ပ်က ပြောကြားသည်။ “အရာရာတိုင်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071