Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeMoviesဇာတ်ကားတွေရုံတင်ပြသခွင့်မရတဲ့အတွက်အားငယ်မိပါတယ်လို့ ဖွင့်ဟလာတဲ့ ဒါရိုက်တာ...

ဇာတ်ကားတွေရုံတင်ပြသခွင့်မရတဲ့အတွက်အားငယ်မိပါတယ်လို့ ဖွင့်ဟလာတဲ့ ဒါရိုက်တာ စတီး(လ်)

သူရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား တွေမှာ နာမည်ကြီးသရုပ်ဆောင်တွေဆိုတာထက် သူ့ဇာတ်လမ်းထဲက ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့်သူကိုသာ ရွေးချယ်နိုင်တာ ဒါရိုက်တာစတီး(လ်) (ဒွေးမေတ္တာ)ရဲ့ အားသာချက်လို့ ဆိုရမှာပါ။ သူကဇာတ်ကားတွေ အတော်များများရိုက်ကူးထားတယ်။ ထွက်ရှိမလာ သေးတာပဲရှိတာပါ။ အခုလောလောဆယ်မှာတောင် ဒါရိုက်တာ စတီး(လ်)ကပုပ္ပါးမှာ”မြင်းဖြူရှင်နှင့် မြင်းသည်တော်ဖိုးအေး” ရုပ်ရှင်ဇာတ်ကား ကြီးကို ပုပ္ပါးဘက်သွားရောက် ရိုက်ကူးနေပါပြီ။ သူ့ရဲ့ဇာတ်ကားတွေ ရုံတင်ပြသ ခွင့်ကျ လာမယ့်ရက်ကို စောင့် ဆိုင်းနေတဲ့ စတီး(လ်)က …

“ကျွန်တော့်ဇာတ်ကားတွေမြန်မြန်ထွက်ရှိလာပါစေလို့ပဲ ဆုတောင်းပါ တယ်။ ဘာဖြစ်လို့လဲ ဆို တော့ တစ်နှစ်လုံးမှာမှ ကျွန်တော် ပြီးခဲ့တဲ့နှစ်တုန်းက ရိုက်ကူးထားတာ ၃ ကားတင်ရတယ်။ ဒီနှစ်မှာ ၂ ကား တင်ရတယ်။ ဒါပဲ။ ဇာတ်ကားမတင်ရတဲ့အခါကျတော့ အားငယ်မိပါတယ်။ ရှေ့ဆက်လုပ် ကိုင်ဖို့လည်း အားတွေလျော့ပါတယ်။ ပြသရေးစနစ်မှာ ကျွန်တော်တို့ ကျန်ခဲ့တယ်ဆိုတဲ့ သဘောတရားလည်း ပါတာပေါ့”လို့ ပြောပါတယ်။ အကယ်၍ဒီနှစ်ထဲမှာ ရုံတင်ပြသခွင့်ရမယ်ဆိုရင် ကိုစတီး(လ်)ရဲ့ ဘယ် ဇာတ်ကားတွေကို ပရိသတ် ရှေ့မှောက်ရောက်ရှိစေချင်လဲလို့ဆိုတော့ …

“ကျွန်တော် Life ကို အရင်ဆုံးသွားကြည့်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကလည်း ဈေးကွက်မှာမဖြစ် သလောက်ဖြစ်နေတဲ့ အခါကျတော့ ရုပ်ရှင် ရုံပိုင်ရှင်ဘက်ကလည်း မရွေးဘူးဗျ။ ရုပ်ရှင်ရုံပိုင်ရှင်ဘက်က လည်း ဟာသဇာတ်ကားကိုပဲရွေးတယ်။ ဘာကြောင့်လဲဆိုတော့ ဟာသဇာတ်ကားက ပိုက်ဆံရနေတယ်ဗျာ။ ကျွန်တော်ရိုက်ကူးထား တဲ့ဇာတ်ကား လေးတစ်ကား ရှိတယ်။ “ရှေ့သွားနောက် လိုက်” ဆိုတဲ့ဇာတ်ကားလေး။ “အထိအတွေ့”ဆို တဲ့ဇာတ်လေး။ တကယ့် Life မှာ ဖြစ်ပေါ်နေတဲ့ ဇာတ်ကားလေးတွေပေါ့။ ဒါပေမဲ့လက်ရှိဈေးကွက်မှာ ဟာသကလွဲရင် ကျန်တာ စိတ်မဝင်စားဘူးဆိုတဲ့ သဘော တရားဖြစ်နေတယ်။ ဒါဟာနှစ်ဖက်စလုံးဖြစ် နေတဲ့ ပြဿနာလေ။ ပရိသတ်ရော၊ ရုပ်ရှင်ရုံပိုင်ရှင်ရောဖြစ်နေတာပေါ့။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ အားငယ်မိတာတော့အမှန်ပါ။ ကျွန်တော့် ဇာတ်ကား လေးတွေရုံတင်ပြသစေချင်တာပေါ့။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် တဲ့” ပြစ်မိန့်”လိုကားမျိုး။ “ရွှေရုပ်”လိုဇာတ်ကားမျိုး ဖြစ်စေချင်တာပေါ့” လို့သူက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်

Ads Space Available


Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071