Thursday, May 28, 2026

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်...

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့်...
HomeNewsLocal Newsဇလပ်ထော်တမံအတွင်းမိုးရေဝင်ရောက်မှုများပြားခဲ့၍ ရေပိုလွှဲရေကျော်ကာ မြေသားဘေးဘောင်များ...

ဇလပ်ထော်တမံအတွင်းမိုးရေဝင်ရောက်မှုများပြားခဲ့၍ ရေပိုလွှဲရေကျော်ကာ မြေသားဘေးဘောင်များ တစ်ဘက်လျှင် (၂၅)ပေခန့် ရေတိုက်စားပျက်စီးခဲ့

ပဲခူးတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့ရှိ ဇလပ်ထော်တမံအတွင်း မိုးရေဝင်ရောက်မှုများပြားခဲ့၍ ရေပိုလွှဲ(Spill Way)ရေကျော်ကာ မြေသားဘေးဘောင်များတစ်ဘက်လျှင် (၂၅)ပေခန့် ရေတိုက်စားပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတိုက်စားပျက်စီးခဲ့သည့် ဇလပ်ထော်တမံ၏ ပျက်စီးခဲ့မှုများအား ယနေ့အောက်တိုဘာ (၁၀) ရက်နံနက်ပိုင်းက ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တာဝန်ရှိသူများအား ရေပိုလွှဲဘောင်များထပ်မံတိုက်စားပျက်စီးမှုမရှိစေရေး၊ ရေတိုက်စားမှု ရေအားအရှိန်လျော့ချနိုင်ရေး၊ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ဆောင်ရွက်ရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။ 

ထို့နောက် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ် ရေကျော်နေမှုအားကြည့်ရှုစစ်ဆေး၍ ရေအန္တရာယ်ရှိသောနေရာများတွင် လမ်းညွှန်အမှတ်အသားများတပ်ဆင်ရန်နှင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်လည်း မှာကြားခဲ့သည်။ 

ထို့အပြင် ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားယာဉ်ရပ်နားဝင်း၌ မြို့နယ်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စက်တပ်ရေယာဉ်များ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးပြီး ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရပ်ကွက်/ကျေးရွာများသို့ ချက်ခြင်းဖြန့်ခွဲဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။ ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ (၁,၂၀၀)အိတ်ကြိတ်ခွဲထုတ်လုပ်နေသည့် တန်(၆၀)ကျ "အောင်သုခ"ဆန်စက်ရုံ၊ ယင်း ရပ်ကွက်၌ တစ်ရက်လျင် ပေါင်မုန့်နှင့် ကိတ်အမျိုးမျိုး အထုတ်ရေ (၅၀,၀၀၀)ကျော်ထုတ်လုပ်နေသည့် "ရွှေကြယ်စင်"မုန့်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ထို့ပြင် သလ္လာဝတီရပ်ကွက်ရှိ "အကွာပူရ"သုံးရေနှင့်သောက်ရေသန့်စက်ရုံ၊ မုံရွာမြို့နယ်စည်ပင်နှင့် အကွာပူရကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ရေ ပေးဝေရေးလုပ်ငန်းတို့ကိုလည်း တိုင်းဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ရေပေးဝေရေးလုပ်ငန်းသည် ချင်းတွင်းမြစ်ရေ အားသန့်စင်၍ မုံရွာမြို့ရှိ ရပ်ကွက်(၂၃)ရပ်ကွက်အ တွင်းနေထိုင်များကို...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက် ခံလွှာလက်မှတ်ထိုး 

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့ မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့ကလက်မှတ် ရေးထိုးခဲ့ကြသည်။  ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အ ထည်ဖော်ရာတွင် အရေးပါပြီး ဒေသတွင်းပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုသိသာထင်ရှား စွာအထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။ " မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး အမေရိကန်ဒေါ်လာ(၄၀ ဒသမ ၄၆)သန်းကျော်ခန့်တန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း(၁၄၀)ခုရရှိခဲ့ပါတယ်။...

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏ အကြံပေးပုဂ္ဂိုလ်တို့တွေ့ဆုံ   အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက် နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ တို့ ယနေ့ မေ ၂၈ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။  တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ အာဆီယံအပါ အဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်တစ်လျှောက် တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတားဆီးနှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071