ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်၏ ၁၀ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်၂ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော် ရရှိထားကြောင်း၊ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားကြောင်း သိရသည်။
ပြည်ပနိုင်ငံများဖြစ်သည့် မဒါဂတ်စကား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်နဲ့ စပိန်နိုင်ငံတွေကို ဆန်တန်ချိန် အများဆုံး တင်ပို့ခဲ့ပြီး စုစုပေါင်း ၃၁ နိုင်ငံကို တင်ပို့ခဲ့ကာ ဆန်ကွဲကိုလည်း တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့်ဗြိတိန်နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
