Monday, June 23, 2025

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...
HomeInternationalဆွေးနွေးလိုပါက တုကီယေးသို့လာခဲ့ရန် ပူတင်ကို...

ဆွေးနွေးလိုပါက တုကီယေးသို့လာခဲ့ရန် ပူတင်ကို ဇလန်းစကီးဖိတ်ခေါ်

ခရမ္မလင်ခေါင်းဆောင်၏ တို-က်ရိုက်ဆွေးနွေးရေး အဆိုပြုချက်ကို ချက်ချင်းလက်ခံပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူသိရှင်ကြား တို-က်တွန်းခဲ့ပြီးနောက် ကြာသပတေးနေ့တွင် တုကီယေးနိုင်ငံ၌ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် သူ့ဘက်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်သည်။
           
သို့ရာတွင် ပူတင်က လူကိုယ်တိုင် တက်ရောက်မည်လားဆိုသည်မှာမူ ရှင်းရှင်းလင်းလင်းသိရရန် ခက်ခဲသည်။ ပူတင်နှင့် ဇလန်းစကီးတို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက တွေ့ဆုံကြခြင်း မရှိတော့ဘဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရှုတ်ချမှုများ ပေါ်ပေါ်တင်တင်လုပ်ခဲ့ကြသည်။
           
“ကြာသပတေးနေ့ တုကီယေးမှာ ပူတင်ကို စောင့်နေပါမယ်” ဟု ဇလန်းစကီးက X ပေါ်တွင် ရေးသားခဲ့ကာ ဒီတစ်ကြိမ်တွင်မူ ရုရှားတို့ဘက်က အကြောင်းပြချက်များ မရှာလောက်ဟု သူမျှော်လင့်ကြောင်း ဆိုခဲ့သည်။
         
ထို့အပြင် သူ၏ရုံးအဖွဲ့အကြီးအကဲ Andriy Yermak က “ပူတင်ဘက်ကရော ဘယ်လိုလဲ၊ သူကြောက်နေပြီလား၊ ငါတို့ တွေ့ကြမယ်လေ” ဟု တယ်လီဂရမ်တွင် ဆက်လက်ပြောဆိုခဲ့သည်။
          
ရုရှားခေါင်းဆောင်သည် အမေရိကန်ပြည်ထောင်စု၏ စံတော်ချိန်နှင့် တိုက်ဆိုင်သော ညအချိန် ရုပ်သံထုတ်ပြန်ချက်တစ်ခုဖြင့် လာမည့်ကြာသပတေးနေ့(မေလ ၁၅ရက်နေ့) တွင် တိုက်ရိုက်ဆွေးနွေးရန် အဆိုပြုခဲ့ပြီးနောက် တနင်္ဂနွေနေ့အစောပိုင်းတွင် ယူကရိန်းခေါင်းဆောင်က ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
           
မစ္စတာ ပူတင်အနေဖြင့် ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူရန်နှင့် သို့မဟုတ်ပါက ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို ရင်ဆိုင်ရမည်ဟု ကိဗ်သို့ ရောက်ရှိနေသည့် ဥရောပအင်အားကြီးနိုင်ငံများက စနေနေ့တွင် တို-က်တွန်းခဲ့ကြပြီးနောက် ပူတင်၏ အဆိုပြုချက်ထွက်လာခြင်းဖြစ်သည်။ အပစ်ရပ်ရေးဆိုင်ရာ ဥရောပအင်အားကြီးများ၏ ရပ်တည်ချက်ကို ထရမ့်ပ်၏ ယူကရိန်းဆိုင်ရာ သံတမန် Keith Kellogg က ထောက်ခံထားသည်။

Ref: တီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ မုတ်သုံ‌လေအားအလွန်ကောင်းလာနိုင်ခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ယနေ့ ဇွန် ၂၃ ရက်ညမှ ဇွန် ၂၉ ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့အတူ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071