ဟာသသရုပ်ဆောင် ဦးချစ်စရာရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဝေဠုကျော် ဖောင်ဒေးရှင်းမှ ဆေးရုံတင်ပေးခဲ့တဲ့ အကြောင်း ကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားထားပါတယ။
“ဘာပဲဖြစ်ဖြစ် ဆေးရုံတက်ရန် ခက်ခဲသည့် ကာလ ဆေးရုံတွေမှာ ဝန်နဲ့အားမမျှလို့ ကုတင်တွေပြည့်နေတဲ့ အချိန်မှာ ကျွန်တော်ကိုယ်တိုင် ဆေးရုံတင်ပေးနိုင်ခဲ့ပါတယ် ။ ဦးချစ်စရာ ဆေးရုံတက်ဖို့အတွက် ကူညီပေးတဲ့ ဒေါက်တာရဲလင်းနိုင်နဲ့ အစစကူညီပေးကြတဲ့ ဆေးရုံမှ ဆရာဝန် များ သူနာပြုများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် “လို့ ဝေဠုကျော်က ရေးသားထားပါတယ်။