Home International ဆော်ဒီကလပ် AL Hilal အသင်းကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့နေမာ

ဆော်ဒီကလပ် AL Hilal အသင်းကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့နေမာ

0
970

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူး Neymar Jr ဟာ ဆော်ဒီကလပ် Al Hilal ကို ပြောင်းရွေ့သွားပြီလို့ သိရပါတယ်။

နေမာဟာ Al Hilal အသင်းကို ၂ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ တရားဝင် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

ဆော်ဒီကလပ် AL Hilal အသင်းကိုပြောင်းရွှေ့သွားတဲ့နေမာဟာ တစ်လလုပ်ခလစာ ပေါင် ၅ ဒသာမ ၇ သန်းရှိပြီး မြန်မာငွေနဲ့ဆို တစ်နေ့ကို သိန်း ၉၀၀၀ နီးပါးရရှိမှာဖြစ်ပါတယ်။

နေမာရဲ့အပြောင်းအရွေ့ကြောင့် PSG အသင်းဟာလည်း ယူရို သန်း ၁၀၀ နီးပါး ရရှိခဲ့တယ််လို့ သိရပါတယ်။

နေမာဟာ Al Hilal အသင်းမှာ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားမှာဖြစ်ပြီး မကြာမှီအချိန်အတွင်း ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် အသင်းနဲ့ မိတ်ဆက်ပွဲကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here