အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူး Neymar Jr ဟာ ဆော်ဒီကလပ် Al Hilal ကို ပြောင်းရွေ့သွားပြီလို့ သိရပါတယ်။
နေမာဟာ Al Hilal အသင်းကို ၂ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ တရားဝင် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
ဆော်ဒီကလပ် AL Hilal အသင်းကိုပြောင်းရွှေ့သွားတဲ့နေမာဟာ တစ်လလုပ်ခလစာ ပေါင် ၅ ဒသာမ ၇ သန်းရှိပြီး မြန်မာငွေနဲ့ဆို တစ်နေ့ကို သိန်း ၉၀၀၀ နီးပါးရရှိမှာဖြစ်ပါတယ်။
နေမာရဲ့အပြောင်းအရွေ့ကြောင့် PSG အသင်းဟာလည်း ယူရို သန်း ၁၀၀ နီးပါး ရရှိခဲ့တယ််လို့ သိရပါတယ်။
နေမာဟာ Al Hilal အသင်းမှာ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားမှာဖြစ်ပြီး မကြာမှီအချိန်အတွင်း ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် အသင်းနဲ့ မိတ်ဆက်ပွဲကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။