Thursday, June 5, 2025

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...
HomeInternationalဆော်ဒီကလပ် အယ်နာဆာကို ပြောင်းရွေ့ပြီး...

ဆော်ဒီကလပ် အယ်နာဆာကို ပြောင်းရွေ့ပြီး ကမ္ဘာ့လစာ အများဆုံး အားကစားသမား ဖြစ်လာတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာဆာကို ပြောင်းရွေ့ပြီး ကမ္ဘာ့လစာ အများဆုံး အားကစားသမား ဖြစ်လာပြီလို့ နာမည်ကြီး အားကစားသတင်းထောက် Fabrizio Romano ထံကနေ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ခရစ်တီယာနိုရော်နယ်ဒိုဟာ ဆော်ဒီအာရေးဗျကလပ် အသင်းထံ ၂၀၂၅ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်ကို ယူရို သန်း ၂၀၀ ၀န်းကျင် ရမှာဖြစ်ပါတယ်။ ဒါဟာ အားကစားသမားတစ်ယောက်အတွက် ကမ္ဘာ့အမြင့်ဆုံး လုပ်ခလစာလည်း ဖြစ်ပါတယ်။

“အယ်နာဆာရဲ့ ရည်မှန်းချက်တွေ project တွေက တကယ့်ကို ကောင်းမွန်ပြီးကျနော့်အနေနဲ့ မတူညီတဲ့နိုင်ငံ မတူညီတဲ့လိဂ်တစ်ခုမှာ အတွေ့အကြုံသစ် ရှာဖွေသွားဖို့ အားခဲထားပါတယ်။ အသင်းဖော် အသစ်တွေနဲ့ မြန်မြန် ပူးပေါင်းပြီး အောင်မြင်မှုတွေပိုမိုရရှိဖို့ကြိုးစားသွားမှာပါ” လို့ အယ်နာဆာကို ပြောင်းရွေ့ခဲ့တဲ့ အပေါ် ရော်နယ်ဒိုကပြောပါတယ်။

“ဒါဟာ ကလပ်ရဲ့သမိုင်းတစ်ခုဆိုတာထက်ပိုပြီးကလပ်ကို ပိုကြီးကျယ်တဲ့အောင်မြင်မှုတွေရရှိအောင် တွန်းအားပေးနိုင်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့အသင်း၊ကျွန်တော်တို့နိုင်ငံနဲ့ အနာဂတ် မျိုးဆက်သစ်တွေကို အကောင်းဆုံးပုံစံဖြစ်အောင် တွန်းအားပေးမယ့် လက်မှတ်ရေးထိုးမှုတစ်ခုပါ” ဟု အသင်းဥက္ကဌ Musli Al Muammar ကပြောကြားခဲ့သည်။

လက်ရှိအချိန်မှာ အယ်နာဆာအသင်းရဲ့ Follow အရေအတွက်ဟာ ၃ ဆခန့်မြင့်တက်ခဲ့ပြီး ရော်နယ်ဒိုနာမည်နှင့် နံပါတ်ပါ အကျီများစွာ ရောင်းချနေရတယ်လို့လည်း သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ ၆ နာရီက ရန်ကုန်မြို့ Lotte Hotel ရှိ Emerald Roomတွင်ကျင်းပခဲ့သည်။ ထိုပွဲတွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံဓလေ့များအပြန်အလှန်နားလည်ပြီး ကူးလူးဆက်ဆံနိုင်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာရေးတို့ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေးထာကိုးလ်တို့က ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စီးပွါးကူးသန်းဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို ကုန်သည်စက်မှု...

Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများပြသခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများကိုပြသခဲ့ကြောင်း သိရသည်။ ပြပွဲတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် "အောင်ဇေ"ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်း၊ မုတ်ကောင်ခွံဖြင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။ အဆိုပါပြပွဲ၌ တရုတ်ပန်းချီနှင့် ကမ္ပည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071