ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ်ရှိ တောင်သူများကို ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧကတစ်သိန်းမှ တစ်သိန်းခွဲ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါဒေသရှိ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲမှ သိရသည်။
တောင်သူများအားချေးငွေထုတ်ချေးမှုအနေဖြင့် ချေးငွေများအား အပြေကျေအောင်ဆပ်နိုင်ခဲ့သည့် ဒယ်ပုတ်ကွင်းကျေးရွာအုပ်စုမှ တောင်သူများအား ဆောင်းစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးထားကြောင်း သိရသည်။
အင်္ဂပူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ကို စပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့်ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။
