Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...
HomeInternationalဆီးရီးယားသမ္မတဟောင်း အာဆတ် ရုရှားသို့ရောက်ရှိ

ဆီးရီးယားသမ္မတဟောင်း အာဆတ် ရုရှားသို့ရောက်ရှိ

ရုရှားနိုင်ငံသည် ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် နှင့် ၎င်း၏ မိသားစုဝင်များကို ခိုလှုခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ကရင်မ်လင်ရှိ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ကရင်မ်လင်ရှိ သတင်းရင်းမြစ်အရ အာဆတ်နှင့် ၎င်း၏မိသားစုသည် မော်စကိုသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအရ ရုရှားသည် ၎င်းတို့အတွက် ခိုလှုံခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ရုရှားက ဆီးရီးယားအကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်းဖို့ အမြဲတမ်းပြောနေခဲ့တယ်။ ကုလသမဂ္ဂက ပြေလည်အောင်ညှိနှိုင်းတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“ရုရှားအရာရှိများသည် ဆီးရီးယားပိုင်နက်အတွင်းရှိ ရုရှားစစ်အခြေစိုက်စခန်းများနှင့် သံတမန်ရေးရာတာဝန်များကို အာမခံထားသော လက်နက်ကိုင် ဆီးရီးယားအတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်း အဆက်အသွယ်ရှိပါသည်” ဟုလည်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတဟောင်း ဘရှာအယ်လ်အာဆတ်သည် နိုင်ငံ၏မြို့တော် ဒမတ်စကတ်မြို့မှ လေယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက တိမ်းရှောင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ရက်အနည်းငယ်အတွင်း နယ်မြေသိမ်းပိုက်ခံရမှုများ အံ့မခန်း တိုးမြင့်လာခဲ့ကာ စစ်သွေးကြွတပ်ဖွဲ့များ မြို့တော်အတွင်းသို့ ဝင်ရောက်လာကြပြီးနောက် ဘာရှာအယ်လ်အာဆတ်သည် ဒမတ်စကတ်မြို့မှ တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071