Thursday, February 13, 2025

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက်...

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို...

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့...

ရွှေစက်တော်ဘုရားပွဲသို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ဟု ဂေါပကပြော

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်တွင်...
HomeNewsFootballဆီးဂိမ်းပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက်...

ဆီးဂိမ်းပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် နည်းပြသစ်များ ခန့်အပ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသား ယူ -၂၂ အသင်း၊ အမျိုးသား ယူ-၁၉ အသင်းတို့အတွက် ဂျပန်နိုင်ငံသား နည်းပြသစ်များကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ယင်းအသင်းများကို ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအဖြစ် နည်းပြသစ်များခန့်အပ်လိုက်ခြင်း ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အမျိုးသား ယူ-၂၂ ဘောလုံးအသင်း နည်းပြချုပ်အဖြစ် အသက် (၅၆)နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki အား (၁)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ကာ မြန်မာ့ လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် အသက် (၄၆) နှစ်အရွယ် မစ္စတာ Ryuji sueoka အား(၂)နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ခဲ့ပြီး UEFA Pro လိုင်စင်နှင့် JFA Coach (Level S) လိုင်စင်ရ နည်းပြတစ်ဦးဖြစ်သည့် အသက် (၅၆) နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki သည် ၂၀၂၅ ဆီးဂိမ်းစ်၊ အာဆီယံ ယူ -၂၂ ချန်ပီယံရှစ်၊ AFC U 23 ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

ကစားသမားဘဝတွင် ကာရှီးမား အန်တလာ အသင်းတွင် (၁၄၄) ပွဲကစားကာ (၄၈) ဂိုးသွင်းယူနိုင်ခဲ့ကာ အခြားသော ဂျေလိဂ်အသင်းများတွင်လည်း ကစားခဲ့ပြီး နည်းပြဘဝတွင် ဂျေလိဂ်ကလပ် Albirex Niigata အသင်း၊ တရုတ်စူပါလိဂ်ကလပ် Qingdao West Coast စသည့် အသင်းများအပြင် ဂျပန်ကလပ် ကာရှီးမားအန်းတလားစ် အသင်းတွင်လည်း အကယ်ဒမီ၊ လူငယ်အသင်းများ၊ စီနီယာ အသင်းများကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့သူဖြစ်သည်။

ထိုနည်းတူ UEFA Pro လိုင်စင်ရ နည်းပြတစ်ဦးလည်း ဖြစ်သည့် အသက် (၄၆) နှစ်အရွယ် မစ္စတာ Ryuji sue oka သည် မြန်မာ ယူ ၁၉ အသင်းအား အာရှ ယူ၂၀၊ အာဆီယံ ယူ ၁၉ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရန် နည်းပြချုပ်အဖြစ် ဦးဆောင်ရမည် ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ ၂၂ အသင်းကိုလည်း Hisashi kurosaki ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ရမည်လည်း ဖြစ်သည်။

Ryuji sueoka သည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်းစသည့် အရှေ့တောင်အာရှကလပ်များနှင့် အိန္ဒိယ က လပ်အသင်းများတွင် ကွင်းလယ်နှင့် တိုက်စစ်မှူးအဖြစ် ကစားခဲ့သူဖြစ်ပြီး UEFA Pro လိုင်စင်ရ နည်းပြတစ်ဦးလည်း ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာ၌ ဖေဖော်ဝါရီလ (၁) ရက်မှ စတင်ကာ ဩဂုတ်လကုန်အထိ (၇) လ ကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁.၁၁)သန်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက် ခွဲတိုက်ခိုက် ကျောင်းသားကလေးငယ်(၂)ဦးဒဏ် ရာရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်မွန်းတည့် ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အ.ထ.က (တုံးဗျောကြီး)မှ မူလတန်းပြဆရာ(၁)ဦးနှင့် ကျောင်းသား(၆)ဦးတို့သည် စာမေးပွဲများဖြေဆိုရန်လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အ.ထ.က(တောင်ဖီလာ)သို့ ကား (၁)စီးဖြင့် ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။ ထိုသို့ ထွက်ခွာလာစဥ် တောင်ပုကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လိုက်ပါလာသည့် မူ လတန်းပြဆရာနှင့် ကျောင်းသားများအနက်...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို ပ‌ ပျောက်ရေး နှိမ်နင်းရန် အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ကျားဖြန့်နှင့် လူမှေ-ာင်ခိုပ‌ပျောက်ရေး နှိမ်နင်းရန်အတွက် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖွဲ့စည်းရာ၌ ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ၊ အဖွဲ့(၁)တွင် ဗိုလ်မှူးကြီး စောဒိဒိ ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇)ဦး၊ အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောဆန်းလင်း ခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၃)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071