Friday, June 12, 2026

အီရန်ကို ဒီညမှာ “အပြင်းအထန်” တိုက်ခိုက်သွားမယ်လို့...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒီညမှာတင် "အပြင်းအထန်" တိုက်ခိုက်သွားမယ်လို့ ပြောလိုက်ပြီး အီရန်ရဲ့ အဓိက ရေနံစခန်းကြီးရှိတဲ့ ခါ့ဂ်ကျွန်း(Kharg Island) ကိုပါ...

လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန် ၁၁...

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ...

ရန်ကုန်မြို့တွင်ကျင်းပသည့်  ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဒု-သမ္မတဒေါ်နန်းနီနီအေးတက်ရောက်

ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ဇွန် ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒု-သမ္မ တဒေါ်နန်းနီနီအေးတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့်...
HomeNewsLocal Newsဆီထွက်သီးနှံရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန် (၃)နှစ်မှ...

ဆီထွက်သီးနှံရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ရမည်

မြန်မာနိုင်ငံ၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံရင်းနှီးမြှုပ်နှံသူများအား ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြောကြားချက်ကို ဇူလိုင်လ ၇ ရက်၊ နံနက်ပိုင်းက ကျင်းပသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စားသုံးဆီအထောက်အပံ့ပေးနိုင်မည့် လုပ်ငန်းများကို ဦးစားပေး ရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် ထည့်သွင်း၍ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ထိုလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုအပေါ်မူတည်ကာ ဝင်ငွေခွန် (၃)နှစ်မှ (၇)နှစ်အထိ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုတိုးတက်ရေး ကြိုးပမ်းလျက်ရှိရာ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ကုန်ကြမ်းများရရှိရေးနှင့် တောင်သူများအတွက် မှန်ကန်သောဈေးကွက်များ ဖော်ဆောင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကလည်း ပြည်ပစားအုံးဆီတင်သွင်းမှုလျှော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။

မျိုးနှင့်စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရန် အရင်းမပျောက်မတည်ငွေများ ထူထောင်ပေးခြင်း၊ မြစိမ်းရောင်ဆီထွက်သီးနှံစီမံကိန်း၊ ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ်၊ လမ်းတံတားဖောက်လုပ်ပေးခြင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သမဝါယမအသင်းစနစ်ဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို ဒီညမှာ “အပြင်းအထန်” တိုက်ခိုက်သွားမယ်လို့ ထရမ့်ပြောပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒီညမှာတင် "အပြင်းအထန်" တိုက်ခိုက်သွားမယ်လို့ ပြောလိုက်ပြီး အီရန်ရဲ့ အဓိက ရေနံစခန်းကြီးရှိတဲ့ ခါ့ဂ်ကျွန်း(Kharg Island) ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားချက်အရ အီရန်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးကွက်တွေကို "အပြည့်အဝ ထိန်းချုပ်" သွားမှာဖြစ်ပြီး၊ မကြာခင်အချိန်အတွင်းမှာပဲ အီရန်ကမ်းလွန်က ခါ့ဂ်ကျွန်းကို သိမ်းပိုက်သွားမယ်လို့ ကတိပေးထားပါတယ်။ "ဗင်နီဇွဲလားမှာ ကျွန်တော်တို့ လုပ်ခဲ့သလိုမျိုးပဲ" သူတို့ရဲ့ ဈေးကွက်တွေကို ထိန်းချုပ်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။ ဒီမတိုင်ခင်...

လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရသည်။ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရားဝင်ခရီးစဥ်လာရောက်ခြင်းဖြစ်ကြောင်း...

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ များနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ " ပြည်သူ့အသံများကိုကျယ်ပြန့်စွာနားထောင်နိုင်ရန်အတွက် တိုင်ကြားစာနှင့်ပတ်သက်သည့် ကော်မတီကို ဖွဲ့စည်းပေးသွားမည်"ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသည်။ ကော်မတီဖွဲ့စည်းပြီးပါက တိုင်ကြားစာများလက်ခံခြင်း၊ စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ တိုင်ကြားစာများအပေါ် ကော်မတီ၏ သဘော ထားမှတ်ချက်ဖြင့် အစိုးရအဖွဲ့နှင့်ညှိနှိုင်းပေးခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071