Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...

လဝက ဒု-ဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေး 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု -ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ယနေ့ ဩဂုတ်...
HomeMoviesဆိုးလ်–ပေကျင်း လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန်...

ဆိုးလ်–ပေကျင်း လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် သဘောတူ

ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် အပတ်စဉ်ပျံသန်းခွင့် တိုးမြှင့်

တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရန် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပတ်စဉ် လေယာဉ်ပျံသန်းခွင့်များ တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မေလ ၂၇ ရက်မှ ၂၈ ရက်အထိ ဆိုးလ်မြို့၌ ကျင်းပခဲ့သည့် နှစ်နိုင်ငံ လေကြောင်းဆွေးနွေးပွဲများအတွင်း ရရှိခဲ့သည့် သဘောတူညီချက်အရ ခရီးသည်တင် လေယာဉ်ပျံသန်းခွင့်ကို အပတ်စဉ် ၆၀၈ ကြိမ်မှ ၆၆၄ ကြိမ်အထိ တိုးမြှင့်မည်ဖြစ်ပြီး ကုန်တင်လေယာဉ် ပျံသန်းခွင့်ကိုလည်း ၅၄ ကြိမ်မှ ၆၈ ကြိမ်အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ယင်းသဘောတူညီချက်ကြောင့် အင်ချွန်း–ရှန်ဟိုင်းနှင့် အင်ချွန်း–ကွမ်ကျိုးကဲ့သို့ ခရီးသည်အများဆုံး အသုံးပြုသည့် လေကြောင်းလမ်းကြောင်းများတွင် ပျံသန်းမှုများ ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းကြောင်းများတွင် လက်ရှိပျံသန်းခွင့် အရေအတွက်ကို နှစ်နိုင်ငံစလုံးက အပြည့်အဝ အသုံးပြုနေခဲ့ကြသည်။

ထို့ပြင် ဘူဆန်နှင့် ချောင်ဂျူးအပါအဝင် တောင်ကိုရီးယား ဒေသတွင်းလေဆိပ်များမှ တရုတ်နိုင်ငံရှိ ကွမ်ကျိုး၊ ချန်ဒူး၊ ရှန်ကျန်း၊ ချုံကင်းနှင့် ရှီအန်း အပါအဝင် မြို့ကြီး ၁၀ မြို့သို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန်လည်း သဘောတူညီခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလာမှုသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံအကြား ခရီးသည်အပြန်အလှန် သွားလာမှု ၄ ဒသမ ၃၉ သန်းအထိ ရှိခဲ့ကာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလ၏ ၄ ဒသမ ၁၄ သန်းထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။

“နှစ်နိုင်ငံအကြား လူမှုရေးနှင့် စီးပွားရေး ဖလှယ်မှုများ တိုးမြင့်လာနေချိန်မှာ လေကြောင်းဆွေးနွေးပွဲများမှတစ်ဆင့် ပျံသန်းခွင့်အရေအတွက်ကို အချိန်မီ တိုးချဲ့နိုင်ခဲ့ခြင်းဟာ အားတက်ဖွယ်ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ် ဖြစ်ပါတယ်” ဟု တောင်ကိုရီးယား လေကြောင်းမူဝါဒဌာန အကြီးအကဲ လီဆိုးယောင်းက ပြောကြားခဲ့သည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ လဝက ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန် ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့၍ လစ်လပ်သွားသော ဒု-ဝန်ကြီးနေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071