တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။
ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။ အန်၏ အမည်စာရင်းတင်သွင်းမှုကို ပါလီမန်က အတည်ပြုခဲ့လျှင် သူသည် ၁၉၆၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကိုရီးယားစစ်တပ်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲမဟုတ်သည့် ပထမဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်လာမည်ဖြစ်သည်။
သမ္မတ လီဂျေးမြောင်သည် ပထမဆုံး အရပ်သား ကာကွယ်ရေးဝန်ကြီးအပါအဝင် အစိုးအဖွဲ့ဝင် ဝန်ကြီး ၁၁ ဦးကို တနင်္လာနေ့တွင် အမည်စာရင်း တင်သွင်းလိုက်ကြောင်း သိရပြီး ယင်းတို့တွင် ယခင်သမ္မတဟောင်း ယွန်ဆွတ်ယိုးလ်လက်ထက် ခန့်အပ်ခဲ့သော လက်ရှိစိုက်ပျိုးရေးဝန်ကြီးသည် သူ၏ ရာထူးတွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
အမည်စာရင်းတင်သွင်းခံရသူများတွင် အာဏာရ ကိုရီးယားလစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင်များဖြစ်သော လွှတ်တော်အမတ် ငါးဦးလည်း ပါဝင်ခဲ့ပြီး သုံးဦးသည် တောင်ကိုရီးယား၏ စီးပွားရေးလုပ်ငန်းစုကြီးများတွင် အတွေ့အကြုံရှိသူများဖြစ်ကြောင်း သိရသည်။
Ref: Toronto Star, The Korea Herald