MRTV-4 ဟင်းချက်ပရိုဂရမ်တွေမှာ အစီအစဉ်တင်ဆက်သူ တစ်ယောက် အဖြစ်တွေ့မြင်နေရတဲ့ အစီအစဉ်တင်ဆက်သူ အံ့ဝင်းထွဋ်က အလုပ်တွေ နားထားရတဲ့ အချိန်မှာ သူ့ရဲ့နေအိမ်မှာ တရုတ် အစားအသောက်ဆိုင်လေး ဖွင့်ဖြစ်နေပါတယ်။ ဆိုင်စဖွင့်တဲ့နေ့ကတည်းက အားပေးကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ကြောင်းကိုလည်း အံ့ဝင်းထွဋ်က အခုလိုပဲပြောပြခဲ့ပါတယ်။
“ ကျွန်တော်တို ခေတ်ကာလအခြေအနေတွေကြောင့်အလုပ်တွေ နားထားရတဲ့အချိန်မှာ ဘာမှလည်း လုပ်စရာမရှိဘူး။ တစ်နေ့တစ်နေ့ အိပ်လိုက်စားလိုက်နဲ့ အချိန်တွေကုန်နေတဲ့ အချိန်မှာ ဒီဆိုင်လေးဖွင့်ဖို စဉ်းစားမိတယ်။ အဲ့ဒီလိုမျိုးစဉ်းစားရင်းနဲ့ စဖွင့်ဖြစ်ခဲ့တယ်။ ဆိုင်လေး ဖွင့်တဲ့အချိန်မှာလည်း စိတ်ပူတာတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ဆိုင်စစဖွင့်တဲ့နေ့မှာပဲ အရမ်းရောင်းကောင်းလို ဆိုင်ကိုနေ့လည် ၂နာရီလောက် ကတည်းက ပိတ်လိုက်ရတယ်။ ဒီလိုမျိုးအားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ တခြား ကျွန်တော့် သူငယ်ချင်းတွေ ကမေးကြတယ်။ အလုပ်တွေပြန်ဖွင့်ရင်ကော ဆိုင်ကိုဘယ်လိုလုပ်မှာလဲ ဆိုတော့ ကျွန်တော်အခု အကြော်ဆရာ တစ်ယောက် ကို လေ့ကျင့်ပေးနေပါတယ်။ ကျွန်တော့်အရသာနဲ့တစ်ထပ်တည်း ဖြစ်အောင်လုပ်ထားပါတယ်။” လို့ပြောပါတယ်။
အစီအစဉ်တင်ဆက်သူ အံ့ဝင်းထွဋ်ရဲ့ ဆိုင်လေးကတော့ ၃၅ရပ်ကွက်၊လောပိတလမ်း၊မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။
Popularjournal