Monday, December 15, 2025

ဘိလိယက် (၃) ယောက်တွဲ အမျိုးသားမှ...

ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော ဘိလိယက် (၃) ယောက်တွဲ အမျိုးသား ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်း ရွှေတံဆိပ် ရရှိခဲ့သည်။ ဦးပေါက်စ၊ ဦးအောင်ဌေး၊ ဦးနေသွေးဦး...

မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန်...

မကြာခင်ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးတွင် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့...

ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသခံများ၏မျက်နှာကို စာနာထောက်ထားကာ တည်ငြိမ်အေးချမ်းမှုကို...

လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းနှင့်ပြည်နယ်များသာဖြစ် ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်...

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်ကို အလေးထားဆောင်ရွက်ရန် ပံ့ပိုးပေးနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ဒီဇင်ဘာ ၉ ရက်မှ ၁၂...
HomeNewsLocal Newsဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉...

ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကိုရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကိုခံယူခဲ့ပြီးသူသည် လူသားတို့၏အသက်ကို ကယ်တင်ရန်ပျက်ကွက်ပါက သစ္စာမဲ့သူ၊လူနာများအပေါ် ထိခိုက်ကျူးလွန်သူများသာဖြစ်ဟု နစက ဥက္ကဋ္ဌပြော

တပ်မတော်ဆေးတက္ကသိုလ်၊ဗိုလ်လောင်းသင် တန်းအမှတ်စဥ်(၂၃)သင်တန်းဆင်းဂုဏ်ပြုစစ် ဆေးပြအခမ်းအနား၌ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

၄င်းအခမ်းအနားအား ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္က သိုလ်စစ်ရေးပြကွင်း၌ကျင်းပခဲ့ခြင်းဖြစ်သည်။

လွဲမှားသည့် စိတ်ခံစားချက်နှင့်လှုံ့ဆော်ချက်များကြောင့် ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်အားချိုးဖောက်ပြီး အချို့ကျန်းမာရေးဝန် ထမ်းများသည် နိုင်ငံအတွက် အရေးကြီးသည့် ကိုဗစ်(၁၉)ရောဂါ တတိယလှိုင်းကိုရင်ဆိုင်နေရချိန် ၌ ဆရာဝန်ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သစ္စာမဲ့စွာမျက်ကွယ်ပြုကျောခိုင်းခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

“အဲဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူတချို့ အသက်ဆုံးပါးခဲ့ရတာတွေကို စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်၊

“သစ္စာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်က ကိုယ်နှုတ်နှလုံး သုံးပါးလုံးနဲ့ မှန်ကန်စွာစောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ သစ္စာတရားတည်ကြည်ခြင်းရဲ့ အကျိုးရလာဒ်နဲ့ ပြည့်ဝနေမှာဖြစ်သလို သစ္စာတရားပျက်ယွင်းခြင်းဟာ ဆုတ်ယုတ်ပျက်စီးခြင်းတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

မိမိတို့နိုင်ငံအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ပြည်တွင်းပြည်ပဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများက နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ရန် ဆူပူဆန္ဒပြခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊အကြမ်းဖက်ဖျက် ဆီးခြင်း၊လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

“အဲဒီအထဲမှာ ကိုဗစ်(၁၉)ရောဂါကြောင့် ကျန်းမာ ရေးဝန်ထမ်းလိုအပ်ချက်မြင့်မားနေချိန်မှာ ကျန်း မာရေးဝန်ထမ်းတချို့က အများပြည်သူရဲ့ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လျစ်လျူ ရှုတဲ့အပြင် ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ခြင်းက သမိုင်းမှာဘယ်လိုမှဖျောက်ဖျက်မရတဲ့ အမည်းစက်တွေဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ယင်းအချက်များအား သင်ခန်းစာယူ၍ မိမိအဖွဲ့အစည်းနှင့်မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြရန်၊ မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ်မြဲကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားခဲ့သည်။

“သမားဇာနည် အောင်စစ်သည်”ဟူသည့် တပ်မ တော်ဆေးတက္ကသိုလ်၏ဆောင်ပုဒ်အတိုင်း နိုင်ငံ တော်နှင့်တပ်မတော်ကအားထားရမည့် ဆေးမှူးအရာရှိကောင်းများဖြစ်လာရန် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံ ပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်း ပူးသုတေသနပြု၍ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ဆေးဘက်ပညာရှင်များဖြစ်လာရန် သန္နိဋ္ဌာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“တာဝန်ကျရာတပ်အသီးသီးက တပ်မတော်သားတွေ မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိလိယက် (၃) ယောက်တွဲ အမျိုးသားမှ ရွှေတံဆိပ်ရ

ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော ဘိလိယက် (၃) ယောက်တွဲ အမျိုးသား ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်း ရွှေတံဆိပ် ရရှိခဲ့သည်။ ဦးပေါက်စ၊ ဦးအောင်ဌေး၊ ဦးနေသွေးဦး တို့ပါဝင်သော မြန်မာအသင်းက စင်ကာပူအသင်းကို (၁-၃) ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါရွှေတံဆိပ်ဆုသည် မြန်မာနိုင်ငံအတွက် ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော တတိယမြောက် ရွှေတံဆိပ် ဖြစ်လာသည်။ ဓာတ်ပုံ -Pyone Play Sports

မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်

မကြာခင်ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးတွင် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မြန်မာနိုင်ငံယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူများလိုလားတောင့်တသည် ပါတီစုံဒီမိုကရေစီနစ်ကို စည်းကမ်းတကျ အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်သည့်နှင့်အမျှ လျင်မြန်စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း...

ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသခံများ၏မျက်နှာကို စာနာထောက်ထားကာ တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြရန် နိုင်ငံတော်ယာယီသမ္မတ တိုက်တွန်း

လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းနှင့်ပြည်နယ်များသာဖြစ် ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌အခက်အခဲများစွာရှိ၍ အစိုးရအဆက်ဆက်မှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ယခုအချိန်အထိအလေးထားဆောင်ရွက်ခဲ့ရာ ယခင်ထက် အဆပေါင်းများစွာပြောင်းလဲတိုးတက်လျက်ရှိသည်ဟု ပြောသည်။ ထိုသို့ ပြောင်းလဲတိုးတက်လာသော်လည်း အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားဆင်းရဲဒုက္ခရောက်ခဲ့ကြရပြီး ၎င်းတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071