ဆရာကြီးလယ်တွင်းသားစောချစ် က သူ့ရဲ့ အမည်နဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီးလူမှုကွန်ယက်စာမျက်နှာများတွင်ရေးသားခြင်း မပြုလုပ်ဖို့မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ဆရာကြီး
လယ်တွင်းသားစောချစ်က
” ဆရာ့နာမည်နဲ့ဓါတ်ပုံသုံးပြီး face book page ထောင်ကာစာများဗီဒီယိုများတင်နေကြတာရှိတယ် အဲ့လိုမျိုးရေးသားနေကြတော့ဆရာရေးတယ်လို့ပဲထင်နေကြတယ် ဆရာက
မျက်လုံးမကောင်းတဲ့အတွက်စာမဖတ်နိုင်ပါ လက်ကလည်းအရိုးအကြောအဆစ်ရောဂါကြောင့်စာမရေးနိုင်ပါဘူးဆရာ့နာမည်နဲ့တင်နေတဲ့အဆိုအမိန့်တွေတင်ပြချက်တွေက ဆရာမဟုတ်ပါဘူး အရင်တစ်ခါက မေတ္တာ ရပ်ခံချိန်မှာ ရေးသားတာတွေရပ်သွားကြပြီးအခုတစ်ခါထပ်ပြီးပေါ်ပေါက်လာလို့ မေတ္တာ ရပ်ခံရတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။
ဆက်လက်ပြီး ဆရာကြီးလယ်တွင်းသားစောချစ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပေါ်ပြူလာမှမေးမြန်းရာမှာ အခုလက်ရှိမှာတော့ ဆရာကြီးဟာဘယ်ဘက်မျက်လုံးကောင်းစွာမမြင်ရပဲ ညာဘက်မျက်လုံးမှာလည်းဆေးကုသမှုခံယူနေရကာ ဆီးချိုရောဂါလည်းရှိနေပြီး ညာဘက်ပေါင်နဲ့ဘယ်ဘက်ပေါင်ကျိုးနေတဲ့အတွက်ကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ကြောင်းသိရပါတယ်။
