Tuesday, February 3, 2026

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း...

တညင်းကုန်းလက်ကားဈေးကြီးရှိ ဆိုင်ခန်းများရောင်းချရန်နှင့် ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း...

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ Shop House ဆိုင်ခန်းအဆောက်အဦများရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုတို့အတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူနေကြောင်း နိုင်ငံပိုင်သတင်းစာတွင်...

တတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ကျင်းပနိုင်ရေးအတွက်...

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦးတွင် ပြင်ဆင်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ ယင်းသို့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဇန်နဝါရီ ၂၉...

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေပြဌာန်း

နိုင်ငံတော်သမ္မတ က အဖွဲ့ဝင် ၅ ဦးထက်မနည်း ဖြင့် ကောင်စီကို ဖွဲ့စည်းမည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည့် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ...
HomeEntertainmentဆပ်ကပ်၊ မျက်လှည့် ပညာရှင်ကြီးများရဲ့...

ဆပ်ကပ်၊ မျက်လှည့် ပညာရှင်ကြီးများရဲ့ စည်းလုံး ညီညွတ်မှုကို မြင်တွေ့ရမယ့် ပထမအကြိမ် ဆပ်ကပ် မျက်လှည့်ပညာရှင်ကြီးများ ပူဇော်ပွဲ

 

မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေး ကော်မတီ ပထမအကြိမ် ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှာ ကျိုက္ကဆံ စေတီတော် ၊ ဓမ္မဗိမာန်ခန်းမ ၊ သင်္ဃန်းကျွန်းမြို့နယ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲမှာ မြန်မာ နိုင်ငံအနှံ့မှ အသက် ၆ဝ ပြည့်နှစ်အထက် ဆက်ကပ်မျက်လှည့် ကန်တော့ခံသက်ကြီး ပညာရှင် ဦးရေ ၂ဝ ကျော်ကို ပူဇော်ကန်တော့ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေး ကော်မတီ ပထမအကြိမ် ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှာ ကျိုက္ကဆံ စေတီတော် ၊ ဓမ္မဗိမာန်ခန်းမ ၊ သင်္ဃန်းကျွန်းမြို့နယ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲမှာ မြန်မာ နိုင်ငံအနှံ့မှ အသက် ၆ဝ ပြည့်နှစ်အထက် ဆက်ကပ်မျက်လှည့် ကန်တော့ခံသက်ကြီး ပညာရှင် ဦးရေ ၂ဝ ကျော်ကို ပူဇော်ကန်တော့ကြမှာဖြစ်ပါတယ်။

“ဆပ်ကပ်လောကကနေ အနားယူပြီးတော့ အပြင်ရောက်ရှိနေကြတဲ့ပညာရှင်ကြီး တွေပါသလို  လက်ရှိလည်း ဒီလောကထဲမှာ လှုပ်ရှားနေတဲ့ ပညာရှင်ကြီးတွေလည်း ပါပါတယ်။ ပြီးတော့မျက်လှည့်ပညာရှင်ကြီးတွေလည်း ပါတယ်။ ဒီပွဲကို မျက်လှည့် ဆပ်ကပ်ပညာရှင်တွေမှ မဟုတ်ပါဘူး။ ဝါသနာရှင်တွေရော အကုန်လုံးတက်ရောက်လို့ရ ပါတယ်။ အားလုံး တက်ရောက်ဂါရဝပြုလို့ရအောင် ပွဲနားတဲ့ရက်ကိုလုပ်တာပါ။ ၁ဝ တန်းစာမေးပွဲဖြေဆိုနေတဲ့ ကာလဆိုတော့ နားကြတယ်လေ” လို့ မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်း သိမ်းမြှင့်တင်ပြန့်ပွားရေးကော်မတီမှ မျက်လှည့်ပညာရှင် စက္ကောမက ပြောပါတယ်။

ဆပ်ကပ်မျက်လှည့် အဖွဲ့များ အားလုံးစုပေါင်းပြီး ပြုလုပ်မယ့် အခုပွဲကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကာလတွေတုန်းကတော့ ကိုယ့်အဖွဲ့အတွင်းက ပညာရှင်ကြီးတွေကိုသာ ကန်တော့ခဲ့ကြလေ့ရှိတယ်လို့ သိရပါတယ်။  “ဒီပူဇော်ကန်တော့ပွဲက မြန်မာ တစ်နိုင်ငံလုံးက ဆပ်ကပ်မျက်လှည့် ပညာရှင် တွေကို ကန်တော့တာပါ။ ကျန်းမာရေးကြောင့် ပူဇော်ပွဲကို မတက်ရောက်နိုင်တဲ့ ပညာ ရှင်ကြီးတွေကိုလည်း ကန်တော့ငွေပေးပို့သွားမှာပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ပူဇော်ကန်တော့တာပါ။ ကျွန်တော်တို့အနေနဲ့လည်းပီတိအများကြီး ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကတော့ တစ်ယောက်ချင်းစီ သွားကန်တော့ ခဲ့ကြတာလေ။ စုစုစည်းစည်းမရှိကြဘူးပေါ့လေ။ အခုကျတော့ ဒီပူဇော်ပွဲကိုလုပ်နိုင်ဖို့ အများကြီးလည်း ကြိုတင်ပြင်ဆင်ရပါတယ်။ ရန်ပုံငွေတွေရအောင်လည်း ပွဲတွေ လုပ်ပြီး အပင်ပန်းခံကာ ရှာဖွေကြရပါတယ်။ ရန်ပုံငွေတွေရှိမှလည်း ဒါကလုပ် လို့ရမှာကိုး။ အခုကျတော့ ရန်ပုံငွေလည်း တောင့်တောင့်တင်းတင်းနဲ့ ကန်တော့နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်သွားတဲ့အတွက်  ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ မရှိရင်တောင်မှ နောက်ပိုင်းမှာ ဒါက အစဉ်အလာတစ်ခုလို ဖြစ်သွားမယ်လေ” လို့ မျက်လှည့်ပညာရှင်စက္ကောမက ပြောပါတယ်။ ကန်တော့ခံ သက်ကြီးပညာရှင် တစ်ဦး လျှင် ကျပ်၂ သိန်းစီ ကန်တော့ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းပါဝင်မည်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။ “အဓိကတော့ နိုင်ငံတော်က MSME လုပ်ငန်းရှင်တွေကို ပြည်တွင်းပြည်ပ ဈေးကွက် အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်တာပါ။ ဒီပြပွဲနဲ့အတူ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပဈေးကွက် ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေးအတွက် ချိတ်ဆက် မှုအပြင် သက်ဆိုင်ရာ အစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့...

တညင်းကုန်းလက်ကားဈေးကြီးရှိ ဆိုင်ခန်းများရောင်းချရန်နှင့် ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုအတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူ

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ Shop House ဆိုင်ခန်းအဆောက်အဦများရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုတို့အတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူနေကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အင်းစိန်မြို့နယ်ရှိ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ လက်ကားဈေးကြီးတွင် အဆင့်မြင့်လက်ကားဈေး(တညင်းကုန်း)စီမံကိန်းမှ ၂ ခန်းတွဲ ၃ ထပ်တိုက် Shop House ဆိုင်ခန်းအဆောက်အဦ(၄)လုံး ရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်း လုပ်ငန်း(၅၇) ခုတို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (၂၀၂၆...

တတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေ

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦးတွင် ပြင်ဆင်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ ယင်းသို့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဇန်နဝါရီ ၂၉ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် အတူ သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။ ပြည်နယ်လွှတ်တော် အဆောက်အဦအတွင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများ၊ လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ပြည်နယ် လွှတ်တော်ရုံး ညွှန်ကြားရေးမှုး ဒေါက်တာယိန်းညော် က ရှင်းလင်းခဲ့ကြောင်း သိရသည်။ လွှတ်တော်အစည်းဝေးခန်းမ၊ အဆောက်အဦးအတွင်းရှိ အစည်းအဝေးခန်းမများ နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071