Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeMoviesဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ တာဝန်ရှိသူများနှင့် မြန် မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများတက်ရောက်ကြည် ညိုခဲ့ကြပြီး ပိဋကတ်(၃)ပုံကို မင်္ဂလာဆင်ဖြူတော်ဖြင့်ပင့်ဆောင်ပြီး ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ လှိုဏ်ဂူတော်အားလှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ဆဋ္ဌသင်္ဂါယနာတင်အောင် ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ပါဋ္ဌိ၊ မြန်မာ၊ ရိုမန်၊ အင်္ဂလိပ် (၄)ဘာသာဖြင့်ရေးထိုးထားသော မင်္ဂလာမော်ကွန်းကျောက်စာတိုင်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် မင်္ဂလာဆင်ဖြူတော်ဖြင့်ပင့်ဆောင်လာသော ပိဋိကတ်(၃)ပုံကို လှိုဏ်ဂူတော်အတွင်းသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပင့်ဆောင်ပူဇော်တော်မူခဲ့သည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတက်ရောက်လာကြသူများက ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာ တော်များက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇုယ်တော်မူခဲ့ကြကာ သန်လျင်မင်းကျောင်းဆ ရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့၏ မွက်ကြားချီးမြှင့်တော်မူကြခြင်းကို နာယူတော်မူခဲ့ကြသည်။

ထို့ပြင် ရေစကြိုဆရာတော်နှင့် ကျောက်ပန်းတောင်းဆ ရာတော်တို့က ဝိနယပိဋကတ်တော်တို့ကို သင်္ဂါယနာအ မေးအဖြေပြုဆောင်ရွက်တော်မူပြီး သံဃာတော်(၁၅) ပါးက ဝိနယပိဋိကတ်တော်တို့ကို စုပေါင်းရွတ်ဆိုပြီးနောက် နိုင်ငံတော်သမ္မတက သာသနာရေးဆိုင်ရာများကိုလျှောက်ထားကာ မစိုးရိမ်တိုက်သစ်ဆရာတော်၊ မ ဟာဂန္တာရုံကျောင်းတိုက်ဆရာတော်နှင့် သီရိလင်္ကာနိုင်ငံမှဆရာတော်တို့က သဝဏ်လွှာများကိုဖတ်ကြားတော်မူပြီးနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ အနုမောဒနာတ ရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအ မျှပေးဝေခဲ့ကြသည်။

ထို့နောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် အထူးပြပွဲ၊ ဓာတ်ပုံပြပွဲဖွင့်ပွဲကိုကျင်းပရာ နိုင်ငံတော်သမ္မတက ဓာတ်ပုံပြခန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း၌ပြသထားမှုများကို ကြည့်ရှုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071