နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည် ရေသောက်စနစ်အတွင်း ယခုနှစ် ၂၀၂၅ ခုနှစ်၌ မိုးစပါး(၈၄၈၆)ဧကနှင့် မိုးသီးနှံ(၃၁၂၃)ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိသည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဆင်သေရေလွှဲဆည်၏ ပင်မတမံတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့သ ဖြင့် ရေသောက်စနစ်အတွင်းရှိ မိုးစပါး၊ နွေစပါးစိုက်ပျိုးခြင်းအတွက် ရေပေးဝေရာ၌ စနစ်တကျရေစီမံခန့်ခွဲမှုပြုလုပ်နိုင်ရေးအတွက် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆင်သေရေလွှဲဆည်အသစ်မတည်ဆောက်မီနှင့် လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ရေ သောက်စနစ်အတွင်း ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေရမည်ဖြစ်၍ ရေလွှဲဆည်၏ Under Sluice အပိုင်း၊ ရေခေါ်မြောင်းများအပိုင်းနှင့် ရေ သောက်စနစ်အပိုင်းများကို လိုအပ်သည့်နေရာများ ၌ ပြုပြင်ခြင်း၊ Structure များတည်ဆောက်ခြင်း၊ သဲနုန်းတူးဖော်ခြင်းနှင့် ရေသွားလမ်းရှင်းခြင်းလုပ် ငန်းများဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ သြဂုတ် ၃ ရက်မွန်းလွဲပိုင်းက ယာယီရေသွယ်မြောင်းများအတွင်း ဝင်ရောက်လျက်ရှိသည့် သဲနုန်းများရှင်းလင်းဖယ်ရှားနေမှု၊ နုန်းဖမ်းတာတည်ဆောက်ရန်ဆောင်ရွက်နေမှု၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးခြင်းအတွက် ဆက်လက်ရေပေးဝေနိုင်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သဲနုန်းတူးဖော်ခြင်း၊ ယာယီနုန်းထိန်းကန်တည် ဆောက်ခြင်း၊ လိုအပ်သော တူးမြောင်းအဆောက် အအုံလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ ရေလွှဲဆည်အသစ်တည်ဆောက်ရာတွင် ရေ ရှည်တည်တံ့စွာအသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံနှင့် တည်ဆောက်မှုလုပ်ငန်းဖြစ်စေရေးတို့ကိုမှာကြားပြီး ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် လျာထားရွေးချယ်ထားသောနေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။
