“MLM ကုမ္ပဏီ ၃ ခုကို တရား စွဲ ဆိုထောင်ချခဲ့ပြီး ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူပိုင် အဖြစ် သိမ်းခဲ့”
MLM ဆင့်ပွားကွန်ရက်ချိတ် ဆက် ဈေးရောင်းလုပ်ငန်း စနစ်နှင့် ရောင်းချနေမှုများကို တည်ဆဲ ဥပဒေများဖြင့် လုပ်ဆောင်နေခြင်း ဟုတ်မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် စောင့်ကြည့်လျက်ရှိပြီး စုံစမ်းဖော်ထုတ်ချက်အရလည်း ကောင်း၊တိုင်ကြားလာ လျှင်လည်း ကောင်း အရေးယူဆောင်ရွက်သွား ရန်စီစဉ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးက ပြောဆို လိုက်သည်။
“အရင်က အရေးပေါ် စီမံမှု ဥပဒေနဲ့ အရေးယူခဲ့တယ်။ အခု လည်း စုံစမ်းဖော်ထုတ်လျက်ရှိ ပါတယ်။ MLM စနစ်နဲ့ ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းချက် မရှိသော်လည်း စုံစမ်းပေါ်ပေါက်ခြင်း တိုင်ကြားခြင်း များရှိလာပါကစိစစ် ပေါ်ပေါက်ချက် အပေါ် မူတည်ပြီး အရေးကြီး ကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်ခွန်ဥပဒေ စတဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူ ဆောင်ရွက်သွား မှာပါ” ဟု ဒုတိယ ဝန်ကြီးဗိုလ်ချုပ် အောင်စိုးက ပြောသည်။
ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Multi-level Marketing (MLM) ဆင့်ပွားကွန်ရက်ချိတ်ဆက် ဈေး ရောင်းလုပ်ငန်းကို တားမြစ်ပိတ်ပင်
အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာနဒုတိယဝန် ကြီးဗိုလ်ချုပ် အောင်စိုးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်က ရေသန့်ဆေးနှင့်ဖြည့်စွက်အစားအစာများကို MLM စနစ်ဖြင့် ရောင်းချခဲ့သော ပြည်တွင်းကုမ္ပဏီ ၂ ခု၊ ပြည်ပကုမ္ပဏီ ၁ ခုကို အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဇ) နှင့်အရေးယူကာ ထိုကုမ္ပဏီမှ လူများကိုလည်းတရားစွဲဆိုထောင် ချခဲ့ကြောင်း၊ ထိုကုမ္ပဏီ ၃ ခုကို အမည်ပျက် စာရင်း (Black List) သွင်းကာ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်း များကို ပြည်သူပိုင်အဖြစ် သိမ်းခဲ့ ကြောင်းလည်း၎င်းကပြောသည်။
MLM လုပ်ငန်းရှင် အများစု သည် ပြည်ပလုပ်ငန်းရှင်များ ဖြစ်နေ ကြောင်း၊ ထို့ကြောင့် ၄င်းတို့ကို အရေးယူနိုင်ရန် MLM နှင့် ပတ်သက် သည့်ဥပဒေတစ်ခုပေါ် ပေါက်လာစေရန် ကြိုးစားသွားမည် ဖြစ်သော်လည်း တိုင်းပြည်၏ အခြေ အနေအရ ဥပဒေ မစိုးမိုးသေး သဖြင့် ယခု MLM စနစ်ကို လုံးဝ ပိတ်ဆို့ပျက်စီးစေချင်ကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြော ကြားသည်။
ယင်းလုပ်ငန်းကို တရုတ်နိုင်ငံက လုံးဝ ပိတ်ပင်ထားကြောင်း၊ အမေ ရိကန်၊ စင်ကာပူနိုင်ငံတို့တွင် အထူး တားမြစ်ကြပ်မတ်ခံ ထားရသည့် လုပ်ငန်းတချို့သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ တချို့အရ တရားဝင် ဖြစ်စေရန် ပြင်ဆင်လာကြပြီး ယင်းအားနည်းချက်ကို အသုံးချ၍ မသိနားမလည်သူများ၏ အချိန်၊ ငွေ၊ လုပ်အားခများကို ခေါင်းပုံဖြတ်နေ သည်ဟု ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
MLM စနစ်ဖြင့် ဆောင်ရွက် သော ကုန်ပစ္စည်းများကို အခွန် တိမ်းရှောင်သူများ တွေ့ရှိပါက ဥပဒေနှင့် အညီ ဒဏ်ငွေတပ်ခြင်း၊ တရားစွဲဆိုခြင်းများကိုလည်း အလေး ထား ဆောင်ရွက်သွားမည်ဟု ဒုတိယ ဝန်ကြီးကပြောဆိုထားသည်။
