Monday, July 13, 2026

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် ဆေးရုံများ...

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံများတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း...

မြန်မာအမျိုးသမီးအသင်း ပါဝင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ -Aichi-Nagoya 2026 Asian Games အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃...

ဂျပန် U12 Junior Soccer...

ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ ဘောလုံးအသင်းအတွက်...

မဂ္ဂနီကျူ့(၄)အဆင့်ရှိ ငလျင်တစ်ခု စဥ့်ကူးမြို့ကိုဗဟိုပြုလှုပ်ခတ်

စဥ့်ကူးမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ ဇူလိုင် ၁၂ ရက်နံနက်အစောပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်အရ စဥ့်ကူးမြို့၏ မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊...
HomeArticlesဆက်လက်ရှင်သန်နေမည့် ပေါ်ပြူလာ တို့၏...

ဆက်လက်ရှင်သန်နေမည့် ပေါ်ပြူလာ တို့၏ ပေါ်ပြူလာ

U Mya Hlain

ပေါ်ပြူလာစာပေအနု ပညာဂျာနယ် သက်တမ်းနှစ်၂ဝ သို့ ရောက်ရှိခဲ့လေပြီ။ ၁၉၉၇ ခုနှစ်၊ ဇွန်လ ၃ဝ ရက် နေ့တွင် စတင်တည်ထောင်ခဲ့သည့် ပေါ်ပြူလာစာပေအနုပညာဂျာနယ် သည် ဂျာနယ်လောကတွင် နှစ်သက်ရှည်စွာ ရပ်တည်နေချေပြီ။ သက်တမ်းနှစ်၂ဝ သို့ ရောက်ရှိခဲ့လေပြီ။

မြန်မာနိုင်ငံတွင် ၁၈၉၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းစာအမည်ခံ ဟံသာဝတီသတင်းစာ စတင်ထုတ်ဝေခဲ့သည်။ တစ်ပတ်တစ်ကြိမ်ထုတ်ဖြစ်၍ သတင်းစာ အမည်ခံသော်လည်း ဂျာနယ်သဘောပင်ဖြစ်သည်။ ယင်းအချိန်မှစပြီး ခေတ်ကာလအခြေအနေကို အခြေပြု၍ ဂျာနယ်များစွာ ပေါ် ထွက်လာခဲ့သည်။ အမျိုးသားရေး လှုပ်ရှားမှုနှင့်အတူ ထွက်ပေါ်လာ ကြသည့် ဂျာနယ်များစွာလည်း ရှိခဲ့ သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် တွင် ပြည်သူတစ်ရပ်လုံး ဖက်ဆစ် ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံတော် လွတ် လပ်ရေးလှုံ့ဆော် သည့် ဂျာနယ်များစွာ ပေါ်ထွက်လာ ခဲ့သည်။ ယနေ့ထိလည်း ဂျာနယ်များ စွာ ထွက်ပေါ်လျက်ရှိသည်။ ထင်ရှား သော၊ သြဇာရှိသော ဂျာနယ်များစွာ ရှိခဲ့သော်လည်း သက်တမ်းရှည်သော ဂျာနယ်ကားရှားပါးလှသည်။ ခေတ် ကာလအခြေအနေ ပြောင်းလဲမှုနှင့် လုပ်ငန်းရပ်တည်မှု အခက်အခဲ ဖြတ် သန်းရခြင်းတို့ကြောင့် ငုပ်ချည် ပျောက်ချည် မြုပ်ချည် ပေါ်ချည်နှင့် ရှိခဲ့ကြသည်။ ပေါ်ပြူလာစာပေ အနုပညာဂျာ နယ်သည် ဂျာနယ်များပေါ်ပေါက်လာသည့် နှစ် ၁ဝဝ ခန့်ကြာချိန် ၁၉၉၇ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် စာဖတ်ပရိသတ်တို့အား စာပေအနုပညာရသများပေးရန် သန္နိဋ္ဌာန်ရည်မှန်းချက်များဖြင့် ပေါ်ပေါက်လာခဲ့သည်။

ပေါ်ပြူလာစာပေအနုပညာ ဂျာနယ်ကို ၁၉၉၇ခုနှစ်၊ ဇွန်လတွင် စတင်မျိုးစေ့ချခဲ့သည့်သူများကား ဆရာမြသန်းစံ၊ ဆရာအောင်ပြည့်တို့ နှင့်အတူ ဆရာဟိန်းလတ်တို့ဖြစ်သည်။ ဆရာမြသန်းစံသည် အနုပညာစကားလုံးများဖြင့် တေးချစ်သူတို့ နားထောင်၍ မရိုးနိုင်သည့် စတီဒီယိုသီချင်းများစွာ ဖန်တီးခဲ့သူဖြစ်သည်။ ယနေ့တိုင်ပင် ဆရာမြသန်းစံ၏ သီချင်းများကား တေးချစ်သူတို့ အနား ရစ်ဝဲနေဆဲဖြစ်သည်။ ဆရာအောင်ပြည့်သည် စာပေ အနုပညာ၊ ရုပ်ရှင်ဘက်စုံထူးချွန်သူဖြစ်သည်။ ပြည့်စုံသည့် စာပေ အနုပညာရှင်တစ်ဦးဖြစ်သည်။ ဆရာဟိန်းလတ်သည်လည်း ထိုအချိန်ခါကပင် စာပေလောကတွင် နှစ်၂ဝကျော် ကျင်လည်နေသူ၊ အယ်ဒီတာလုပ်ငန်းအတွေ့ အကြုံ ရှိသူဖြစ်သည်။ မတည်တည်ထောင်သူကလည်း စာပေဝါသနာရှင်ဖြစ်ပြီး အမြတ်အစွန်းထက် စာဖတ်ပရိသတ်ထံသို့ စာပေအနုပညာသတင်းမှန် များ ပေးပို့စေလိုသူဖြစ်သည်။

မျိုးစေ့ချခဲ့သည့်ဆရာများသည် ချမှတ်ထားသည့် ရည်ရွယ်ချက်၊ ဦးတည်ချက်များနှင့်အညီ စာပေ အနုပညာ၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပကတိအခြေအနေများကိုသာ ဘက်မလိုက် တင်ဆက်ခဲ့သည်။ အချိန်တိုတွင်းမှာ စာဖတ်ပရိသတ်တို့ အားပေးမှုရရှိခဲ့သည့် ဂျာနယ်တစ် စောင်ဖြစ်လာသည်။ အခြေအနေနှင့် အချိန်အခါအလိုက် ခေတ်စနစ်တို့ ပြောင်းလဲခဲ့သော်လည်း ပေါ်ပြူလာ အယ်ဒီတာအဖွဲ့သည် တည်တည် တံ့တံ့ ဘက်မလိုက် ဆက်လက် လျှောက်လှမ်းခဲ့သည်။ အဂတိလေး ပါး ကင်းရှင်းစွာ ရဲရဲဝံ့ဝံ့ တင်ပြပေးခဲ့ သည်။

မျိုးစေ့ချခဲ့သည့်ဆရာများ၏ ရည်မှန်းချက်၊ ဦးတည်ချက်များကို မျိုးဆက်သစ်များကလည်း သွေဖည် ခြင်းမရှိ၊ အစဉ်အလာကောင်းများ ကို ဆက်လက်ထိန်းသိမ်း ဖော်ဆောင် ကြလျက်ရှိသည်ကြောင့် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်သည် သက် ၂ဝပြည့်သည့်တိုင် ရပ်တည်နေနိုင် ခြင်းဖြစ်သည်။ စာဖတ်ပရိသတ်တို့ အားပေးမှု၊ စိတ်ဝင်စားမှုရှိနေဆဲ စာပေအနု ပညာ စာပေဂျာနယ်တစ်စောင် အဖြစ် ခိုင်မာစွာရပ်တည်နေနိုင် ခြင်းဖြစ်သည်။ ဤသို့ ရရှိပြီးသော အခြေအနေကောင်းများကို မျိုးဆက် သစ်များသည် ဆက်လက်ထိန်းသိမ်း ကာ စာပေအနုပညာဂျာနယ်စစ်စစ် အဖြစ် ဆောင်ရွက်နိုင်ကြသည်နှင့် အမျှ ပေါ်ပြူလာဂျာနယ်သည် ဆက် လက်ရှင်သန်နေမည်ကို ယုံကြည် မိပါသည်။

မြတ်မင်းလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071