Friday, August 7, 2026

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...
HomeInternationalစွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်ရန် နာရီပိုင်းအလိုတွင်...

စွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်ရန် နာရီပိုင်းအလိုတွင် တောင်ကိုရီးယား သမ္မတ ပြည်သူများသို့ တောင်းပန်

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုသည် သူအပေါ်စွပ်စွဲပြစ်တင်မှုအား လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရန် နာရီပိုင်းအလိုတွင် သူက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ပြဌာန်းခဲ့မှုအတွက် ပြည်သူတစ်ရပ်လုံးသို့ တောင်းပန်ခဲ့သည်။

ဗုဒ္ဓဟူးနေ့က စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပြီးနောက် သူ၏ ပထမဆုံး နှစ်မိနစ်ကြာ ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် ယွန် က သူ၏ဆုံးဖြတ်ချက်အတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး စစ်အုပ်ချုပ်ရေး ဒုတိယအကြိမ် ထပ်မံပြဌာန်းရန်လည်း ကြိုးပမ်းမည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။

“ကျွန်တော့်ကြောင့် ထိတ်လန့်တုန်လှုပ်သွားရသူတွေကို လေးလေးနက်နက် တောင်းပန်ချင်ပါတယ်” ဟု ယွန်ကပြောပြီး ဦးညွှတ်‌တောင်းပန်ခဲ့သည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုသည် အင်္ဂါနေ့ညက နိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေးကို ရုပ်မြင်သံကြားမှတဆင့် ရုတ်တရက် ကြေညာခဲ့ပြီး၊ “မြောက်ကိုရီးယား၏ ကွန်မြူနစ်အင်အားစုများထံမှ နိုင်ငံကို ကာကွယ်ရန်နှင့် နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အစိတ်အပိုင်းများကို ဖယ်ရှားပစ်ရန် ယခုဆောင်ရွက်မှုသည် လိုအပ်ကြောင်း” ကိုပါ ထည့်သွင်း ပြောဆိုခဲ့သည်။

ထိုသို့ကြေညာလိုက်ပြီးနောက် လူထုဆန္ဒပြမှုများပေါ်ပေါက်လာခဲ့ပြီးနောက်တွင် ပါလီမန်အမတ်များသည် အမျိုးသားလွှတ်တော်တွင် စုဝေးကာ သမ္မတ၏ ကြေညာချက်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ မဲခွဲဆုံးဖြတ်မှုအရ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုရီးယားသမ္မတက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ထပ်မံကြေညာခဲ့ရပြန်သည်။

ထို့နောက် သမ္မတအား နှုတ်ထွက်ရန်တောင်းဆိုဆန္ဒပြမှုများပေါ်ပေါက်လာပြီး၊ တောင်ကိုရီးယားသမ္မတရုံး ဦးစီးအရာရှိချုပ်အပါအဝင် အကြီးတန်းအတွင်းဝန်များအားလုံးသည် ဒီဇင်ဘာ ၄ ရက်နေ့တွင် အစုလိုက်အပြုံလိုက်ရာထူးမှနှုတ်ထွက်စာ တင်ခဲ့ကြသည်။

အဓိကအတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီကလည်း အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌ကြောင်း အဆိုတင်သွင်းခဲ့ရာ ကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်သည်လည်း နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင်ပင် သမ္မတထံ နုတ်ထွက်စာ တင်ခဲ့ပြန်သည်။

သမ္မတယွန်ဆွတ်ယိုအပေါ် စွပ်စွဲပြစ်တင်မှုအဆိုကို တောင်ကိုရီးယား လွှတ်တော်တွင် ယနေ့ ဒီဇင်ဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၅နာရီတွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟက်ဂ်ဆက်ကို သဘောမကျဘူးဆိုတဲ့ ကောလာဟလတွေကို ထရမ့်ပယ်ချ

စစ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) ကို သဘောမကျဘူးဆိုတာရယ်၊ လက်နက်ပြတ်လပ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးကို ဝေဖန်ခဲ့တယ်ဆိုတာရယ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်လိုက်ပါတယ်။ ​"သတင်းတု မီဒီယာတွေက ထုံးစံအတိုင်းပဲ အခြေအမြစ်မရှိတဲ့ ကောလာဟလအမှားတွေကို ဖြန့်နေကြတယ်။ ပိဟက်ဂ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်တော် အရမ်းကို ကျေနပ်အားရမိပါတယ်" လို့ သူက Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးရလဒ်တွေမှာဆိုရင် ပိုပြီးတော့တောင် ကျေနပ်ရပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အီရန်နဲ့ ဖြစ်နေတဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071